Sunday, April 1, 2018

ရူပနန္ဒာ



ကမ္ဘာမှာ သူဟာ အလှဆုံးလို့ ထင်တားတဲ့ ကမ္ဘာ့အလှပမယ် ရူပနန္ဒာတစ်ယောက် ချောမောလှပတဲ့မိန်းကလေးများ မြတ်စွာဘုရားကို ယပ်ခတ်ပေးနေတာတွေ့လိုက်ရတော့ လုံးဝလုံးဝအံ့ဩသွားတယ်။

စောစောပိုင်းကတော့ ဗုဒ္ဓဟာ အလှရဲ့ အပြစ်တွေကိုပဲ ပြစ်တင်ဝေဖန်းတတ်သူဖြစ်လို့ အမြဲတမ်းတိမ်းနေခဲ့သူ..။

အလှအပကို မက်မောတဲ့ ရူပနန္ဒတစ်ယောက် ဘုရားရှေ့မှောက်မှာ အလှပိုင်းရှင်လေးတွေကို စိတ်ဝင်စားရာက စလို့ပေါ့...။

*********
မြတ်စွာဘုရားလက်ထက်တော်က ကပိလဝတ်နေပြည်တော်မှာ အလှအပမှာ ထင်ရှားတဲ့ နန်းတွင်း သမီးပျို တစ်ယောက်ရှိခဲ့တယ်။

သူမဟာ သုဒ္ဓေါဓနမင်းကြီးနဲ့ မိဖုရား ဂေါတမီတို့ရဲ့ သမီးဆိုတော့ ဘုရားလောင်း သိဒ္ဓတ္ထရဲ့ ညီမပေါ့။

သူမရဲ့ ဆယ်ကျော်သက် အလှသွေးကြွယ်တဲ့ အချိန် နန်တွင်း ပျိုကညာတွေကြားမှာ အလှပြိုင်းဖက် ကင်းလို့ "ဇနပဒ ကလျာဏီ"လို့တောင် အလှဘွဲ့ရထားသူဖြစ်တယ်။

သာကီမျိုးတို့ရဲ့ ထုံးစမ်အရ... မောင်တော် နန္ဒမင်းသားနဲ့လည်း စေ့စပ်ကြောင်းလမ်းထားတယ်။

အလှပအကို မြတ်နိုးတဲ့ ရူပနန္ဒီတစ်ယောက် အချစ်ကံ မကောင်းလို့ မောင်တော် နန္ဒမင်းသားနဲ့ လွဲခဲ့ရတယ်။

များမကြာခင်းမှာပဲ ဖခင်ကြီးလည်း ၊ကွယ်လွန်သွားတယ် ၊ အမေဖြစ်သူကလည်း သာသနာ့ဘောင်မှာ ဘက္ခုနီမ လုပ်သွားတယ်ဆိုတော့ စိတ်မပါသော်လည်း ဆွေးမျိုးသံယောဇဉ်နဲ့ သာသနာဘောင် ကို ရောက်လာတယ်။

ရူပနန္ဒာ တစ်ယောက် သာသနာ့ဘောင်ရောက်သော်လည်း သူမရဲ့အလှအပကိုပဲ မြတ်နိုးနေခဲ့တယ်၊ အရောင်လှလှ သင်္ကန်းလေးတွေကို ရွေးဝတ်တယ်။ လှလှပပ အသုံးအဆောင်တွေကိုရွေး သုံးတယ်။ အလှအပရဲ့ အပြစ်ကို ပြောတတ်ဟောတတ်တဲ့ ဗုဒ္ဓထံကို သွားဖို့ တနည်းမဟုတ် တနည်းနဲ့ ရှောင်းလွဲကာ နေခဲ့တယ်။ ဗုဒ္ဓကိုယ်တော်တိုင် အဆောင်ရောက်လာ တတ်ရင်အောင် ပုံးအောင်ကာ နေတတ်တယ်။

ဘိက္ခုနီမိတ်ဆွေမှ ဘုရားထံမှ တရားနာပြန်လာတဲ့အခါ တချို့က ဘုရားရဲ့ အဆင်းတော်ဟာ ကြည်ဖွယ်ကောင်းကြောင်း ချီးမွမ်းကြတယ်။ တချို့ မြတ်စွာဘုရားရဲ့ အသံတော်ကို ချီးမွမ်းကြတယ်။ တချို့က ဗုဒ္ဓရဲ့ တရားတော်တွေဟာ နက်ရှိုင်ပုံနဲ့ ရှင်းလင်းပြတ်သားပုံတွေကို ချီးမွမ်းကြတယ်။

သူမှာတော့ ဗုဒ္ဓကိုရှောင်းတိမ်းနေခဲ့လို့ သူများတွေ စကားပြောချိန်မှာ ဘာမှ ပြောစရာ မရှိဖြစ်နေတယ်။ ဒါနဲ့ ရူပနန္ဒာတစ်ယောက် မခံချင်တာနဲ့ တစ်နေ့မှာ စွန့်စွန့်စားစား တရားသွားနာလိုက်တယ်။

တရားနာသွားတယ်ဆိုပေမယ့် ဗုဒ္ဓမြင်မှာစိုးလို့ တခြားဘိက္ခုနီမများနောက်ကွယ်မှာ မသိမသာ ထိုင်နေလိုက်တယ်။

ဗုဒ္ဓကို မရဲတရဲ့ လှမ်းမျှော်ကြည့်လိုက်တော့ သူမလုံးဝ တုန်လှုပ်ချောက်ခြားသွားတယ်။

ဗုဒ္ဓရှေ့က အလှပိုင်ရှင်လေးတွေကို မြင်တွေ့ရလိုက်တော့ ဗုဒ္ဓတရားကိုတောင် စိတ်မဝင်စားနိုင်ပဲ ၊ အလှကိုပဲ စိတ်ဝင်းစာနေပြီး ၊ စောစောကတည်းက ဗုဒ္ဓထံမရောက်ဖြစ်တာကို နောင်တရနေမိတယ်။

ရူပနန္ဒာတစ်ယောက် ကောင်းမလေးတွေရဲ့ အလှမှာ နစ်မျောနေရင်းက ချက်ခြင်းဆိုသလို မီနစ်ပိုင်းအတွင်း သိသိသာသာ ရုပ်ရည်များ ပြောင်းလဲလာတယ်။ ဆယ်ခြောက်နှစ်မှာ အသက်နှစ်ဆယ်အရွယ်၊ အသက်နှစ် ဆယ်မှာ လေးဆယ်အရွယ်သို့ ရုတ်တရက် ပြောင်းလဲသွားတယ်။

ရူပနန္ဒာ ရဲ့ မျက်စိတဆုံးမှာပဲ ဆံဖြူ၊သွားကျိုး၊ အဘွားဖြစ်သွားပြီး မြေကြီးပေါ်မှာ လဲကျကာ သွေးဆုံးသွားကြတယ်။

ဗုဒ္ဓက.. အလှရဲ့ တဒင်္ဂကို သိစေလိုလို့၊ တန်ခိုးဖြင့် မိန်းမပျိုလေးတွေကို ဖန်ဆင်းလိုက်တာဖြစ်တယ်။ ရူပနန္ဒာ တစ်ယောက် သတိသံဝေဂ ရလိုက်တဲ့အချိန်မှာတော့ ...

မြတ်စွာဘုရားက...

" ရုပနန္ဒာ...ဤခန္ဓာကိုယ်ကြီးဟာ...

အသားအသွေးတို့ဖြင့် လိမ်းကြံကာ၊ အရိုးစုတို့ဖြင့် တည်ဆောက်ထားတဲ့ မြို့ရိုးကြီးလိုပဲ၊

ဤခန္ဓာကိုယ်မှာ... အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မာန်ထောင်ခြင်း၊ သူ့ကျေးဇူးကို ချေဖျက် ခြင်းစသော တရားဆိုးတွေသာရှိတယ်။ မက်မောတွယ်တာစရာ ဘာမှမရှိ" လို့ဆုံးမလိုက်တယ်။

မြတ်စွာဘုရားတရားတော်အဆုံးမှာတော့ အလှအပမှာ ယစ်မူးနေတဲ့ ညီမတော် ရူပနန္ဒာတစ်ယောက် ၊ အလှအပရဲ့ တဒင်္ဂအဖြစ်နဲ့ အပျက်ကိုကိုမြင်ကာ အရဟတ္တဖိုလ်ရောက် ဘိက္ခုနီမကြီးဖြစ်သွားတယ်။

ဇရာဝဂ်၊ ရူပနန္ဒီထေရီဝတ္ထု
Previous Post
Next Post

About Author

0 comments: