မဟာကပ္ပိနမင်းနှင့်အနောဇာမိဖုရား
မဟာကပ္ပိနမင်းနှင့်အနောဇာမိဖုရားတို့ အကြောင်း ဖတ်မကြည့်ရသေးခင် စာဖတ်သူကို အရင်းမေးစရာလေး ရှိတယ်။ သင်တို့ဘဝမှာ 'ချမ်းသာပေစွတကား ၊ချမ်းသာပေစွတကား၊ ချမ်းသာပေစွတကား'ဟု စိတ်ပါလက်ပါ ကျူးရင့်ဖူးပါသလား၊ ဒါမှမဟုတ် စာဖတ်သူမှာ 'အပျော်ဆုံးနေ့ ၊ အပျော်ဆုံးရက်၊ အပျော်ဆုံးလတွေများ ရှိဘူးပါသလား' ၊ အင်း... သောက၊ ဗျာပါဒတွေထဲက စဉ်စားပြီး ဖြေမယ်ဆိုရင်တော့ စိတ်ချမ်းချမ်းသာသာ ကြီးမဟုတ်တောင် အပျော်ဆုံးနေ့တွေတော့ ရှိဖူးတယ်လို့ ဖြေရကြမှာပါ။
ဥပမာ... စာမေးပွဲ ဂေဇက်ထွက်လို့ အောင်တယ်လို့ ကြားသိရတဲ့အခါ၊ ရည်စားဦးဆီက "ချစ်ပါတယ်လို့" အဖြေစကား ရတဲ့အခါ၊ နောက်ပြီး အလုပ်စဝင်ခါက ပထဆုံး ပေး Cheque ရလာတဲ့အခါ၊ ရှားရှားပါးပါး အဆစ်ထည့်လိုက်ရင် သိန်းထီပေါက်တဲ့အခါမှာ ပျော်ကြမယ်လို့ ထင်ပါတယ်။
မဟာကပ္ပိနမထေရ်ကတော့ ထူးထူးခြားခြားပါပဲ။
အေးအေးဆေးဆေး တိတ်ဆိတ်သောနေ့အခါ ၊ တိတ်ဆိတ်သော ညအခါမှာ...
" အဟော သုခံ... ချမ်းသာပေစွ၊ အဟောသုခံ -ချမ်းသာပေစွ၊ အဟောသုခံ ချမ်းသာပေစွ" ရယ်လို့ မကြာခဏကျူးရင့်ပါသတဲ့။
မဟာကပ္ပိနမထေရ်ဟာ ဘာတွေကို များ သဘောကျလို့ ၊ ချမ်းသာပေစွတကားလို့ ကျူးရင့်ပါသလဲ၊ သူလို့ငါလို လောကီစည်းစိမ်များ ပြည့်စုံလို့လား...။
ဒီလိုရဟန်းကြီး တစ်ပါးတည်း ၊ "ချမ်းသာလိုက်တာလို့" မကြားခဏ ရွတ်ဆိုနေတာ လူ့ဘဝ မင်းစည်းစိမ်တွေကို သတိရလို့ ရွေးရွတ်နေတာဖြစ်မယ်ဆိုပြီး မြင်၊ကြားရတဲ့ ရဟန်းတော်များက တီးတိုပြေားဆိုကာ မြတ်စွာဘုရာ အားလျှောက်ထားကြပါတယ်။
ဒီတော့ မြတ်စွာဘုရားက "မင်းစည်းစိမ်းကို သတိရလို့ မဟုတ်ဘူး ချစ်သားတို့" ဟုဆိုကာ မဟာကပ္ပိနနဲ့အနော်ဇာတို့ရဲ့ ဇာတ်လမ်းလေးကို ပြန်လည်ဟောပြပါတော့တယ်။
အတိတ်ဘဝ- ၁)
ပဒုမုတ္တရမြတ်စွာဘုရာလက်ထက်တော်က ကပ္ပိနလောင်းဟာ မြတ်စွာဘုရားထံ တရားနာလာရင်း သာသနာတော်ကို ကြည်ညိုလွန်းလို့ ၊အလှူဒါနပေးလှူကာ " တပည့်တော်သည် သာသနာတော်ကို ကြည်ညိုသဒ္ဓါဖြင့်ရဟန်းပြကာ မဂ်၊ဖိုလ်နိဗ္ဗာန်ရရပါလို၏"ဟု ဆုတောင်းလိုက်တယ်။ ဒကာတော် တောင်းတဲ့ ဆုဟာ ဂေါတမ မြတ်စွာဘုရားလက်ထက်တော်မှာ ပြည့်ပါလိမ့်မယ်လို့ ဗျာဒိတ်တော်ပေးလိုက်ပတယ်။
ထိုအမျိုးကောင်းသား စုတေပြီးနောက် နတ်ပြည်၊ လူပြည်တို့မှာ ကောင်းစွာကျင်လည်ရပြီး၊
တစ်ခုသောဘဝ၌ ဗာရာဏသီပြည်အနီး ယက်ကန်းသည်ရွာမှာ လူကြီးတစ်ယောက်လာဖြစ်တယ်။ ရွာကအိမ် ချေထောင်ကျော်ရှိတယ်။ ထိုအချိန်တွင် ပစ္စေကဗုဒ္ဓါ တစ်ထောင်တို့ဟာ နွေး၊ဆောင်းတို့မှာ ဟိမဝန္တာတွင် သတင်းသုံးပြီး မိုးလေးလတွင် ကျေးရွာဇနပုဒ်တို့မှာ သီတင်းသုံးလေ့ရှိတယ်။
တစ်နေ့ကျတော့ ပစ္စေကဗုဒ္ဓါရှစ်ပါးက ကျောင်းဆောက်ဖို့အတွက် ပြည်ရှင်မင်းထံ လာရောက်အလှူခံတယ်။ မင်းကြီးကလည်း တိုင်းရေးပြည်ရေး မအားသေးလို့ နောက်မှပဲ တပည့်တော်တို့ ကြည့်ဆောင်ရွက်
ပေးပါမယ်လို့ လျှောက်ထားလိုက်တယ်။ ပစ္စေကဗုဒ္ဓါများနန်းတော်က အပြန်ခရီးလမ်းမှာ ယက်ကန်းသည်ရွာက လူကြီးကတော်နဲ့ လမ်းမှာ ဆုံတွေ့လို့ ရိုသေစွာ ဖူးမျှော်ကတော့ပြီး ယက်ကန်းသည် ရွာမှာ ဆွမ်းခံကြွဖို့ ပင့်ဖိတ်လိုက်တယ်။ ရွာလူကြီးကတော်လည်း ပစ္စေကဗုဒ္ဓါများက ပင့်ဖိတ်ချက်ကို လက်ခံလို့ တော်တော်လေးပျော်ရွှင်သွားတယ်။ ရွားသူရွားသားများကလည်း ပစ္စေကဗုဒ္ဓါများ ကြွလာ မယ်ဆိုတော့ ပျော်ပျော်ပါးပါး ရွာလည်မှာအလှူမဏ္ဍပ်ကြီးဆောက်လိုက်တယ်။ မိုးလေးလမှာ ပစ္စေကဗုဒ္ဓါများ သီတင်းသုံးဖို့ တစ်အိမ်တစ်ကျောင်းစီဖြင့် ဆွမ်းကွမ်းများကို တာဝန်ယူကြတယ်။ ဝါကျွတ်လို့ ပစ္စေကဗုဒ္ဓါမျာ ဟိမဝန္တာပြန်ကြွသွားတော့လည်း အသပြာတစ်ထောင်နဲ့ တစ်ထောင်တန်သင်္ကန်းများ ကိုလည်း လှူလိုက် ပြန်တယ်။
ထိုယက်ကန်းသည်ရွာမှ လူများသေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်မှာ အဖွဲ့လိုက် နတ်သာ၊ နတ်သမီးတွေ သွားဖြစ်ကြတယ်။
အတိတ် ၂)
နတ်ပြည်က စုတေပြီး ကဿပမြတ်စွာဘုရားလက်ထက်မှာ ကပ္ပိနလောင်းက သူဌေးအိမ်တအိမ်နဲ့ အနောဇာက သူဌေးအိမ်တစ်အိမ်မှာ သား၊သမီးတွေ သွားဖြစ်ကြတယ်။ ရှေးကုသိုလ်ကြောင့် သူတို့ရေစက်ပြန်ဆုံးကြပြီး အိမ်ထောင်ကျပြန်တယ်။ တစ်နေ့ ဇနီးမောင်နှံနှစ်ယောက် မြတ်စွာဘုရားထံ တရားသွားနာတယ်။ တရားပွဲပြီးမှာ မိုးတွေရွာလို့ ကပ္ပိနလောင်းနဲ့ ဓမ္မမိတ်ဆွေတို့ ကျောင်းတစ်ကျောင်း
ဆောက်ဖို့အကြံဖြစ်လာတယ်။ အားလုံးစုပေါင်း ကျောင်းဆောက်လှူကြတယ်။ ကျောင်းရေစက်ချပွဲမှာတော့ ၇-ရက်၊၇-လီကျွေးမွေး ဧည့်ခံ တည်ခင်းပြီး၊ ရဟန္တာခုနစ်သောင်းအတွက် သင်္ကန်များကိုလှူဒါန်းဖို့ စီစဉ်ကြတယ်။ ထိုသင်္ကန်းကပ်လှူပွဲတွင် ကပ္ပိနလောင်း ကတော်ကတော့ ထူးထူးခြားခြား အနော်ဇာပန်းကို သင်္ကန်းအဖြစ် သေသေချာချာ ကိုယ်တိုင်ယက်လုပ်ကာ လှူဒါန်းလိုက်တယ်။ ဤကောင်းမှုကြောင့် ဘဝတိုင်းမှာ အနော်ဇောပန်းကဲ့လို့ အရောင်အဆင်း ဝါဝင်းတင့်တယ်ရပါလို၏လို့ ဆုတောင်းလိုက်တယ်။
ဤဘဝမှ စုတေသော် ကပ္ပိနတို့တစ်ဖွဲ့လုံး နတ်ပြည်ကိုရောက်ကြရတယ်။
ဂေါတမမြတ်စွာဘုရားလက်ထက်မှာတော့ ကပ္ပိနလောင်းက ကုက္ကုဋဝတီပြည်မှာ မင်းသားလေးဖြစ်လာပြီး၊ အနော်ဇာကလည်း မဒ္ဒတိုင်းမှာ ရွှေမင်းသမီးလေးဖြစ်လာတယ်။ သူမ အရောင်ကလည်း အနေဇာပန်းကဲ့သို့ ဝါဝင်းလို့ အနော်ဇာလို့ပဲ နာမည်ပေးလိုက်တယ်။
ရှေးပါရမီးကုသိုလ်ကြောင့် သူတို့နှစ်ယောက် အရွယ်ရောက်တဲ့အခါ လက်ထက်ထိမ်းမြားကြပြီး ကုက္ကုဋပြည့် ရှင်းမင်းတရားကြီးဖြစ်လာတယ်။ ရှေးကုသိုလ်အတူပြုခဲ့သော မိတ်ဆွေများမှာလည်း ထိုပြည်တွင် မင်းကြီးနှင့်အတူ မူးမတ်များလာဖြစ်ကြတယ်။
ရှေးကုသိုလ်ကြောင့် နန်တွင်းမှာ အစစအရာရာပြည့်စုံသော်လည်း မင်းကြီးမှာ တစ်ခုခုလိုနေသလိုခံစားရတယ်။ အဲဒါကတော့ ရတနာသုံးပါနဲ့ ကင်းကွာနေရခြင်းပဲဖြစ်တယ်။ ထို့ကြောင့် မင်းကြီးမှာ ရတနာသုံးပါသတင်းကို အမြဲတမ်းနားစွန့်နေတယ်။ အခါအားလျှော်စွာ အနီးနား တိုင်းပြည်များကို မြင်းစီးသူရဲများလွှတ်၍ ၊ ရတနာသုံးပါကို စုံစမ်းခိုင်းတယ်။
တစ်နေ့သ၌ မဟာကပ္ပိနမင်းကြီးဟာ သုပတ္တမြင်းကြီးကို စီးလျှက် အမတ်အပေါင်းတစ်ထောင်ခြံရံကာ ဥယျာဉ်တော်ကိုလှည့်လယ်စဉ် အဝေးမှ လာသောကုန်သည်များနှင့်တွေ့ဆုံကြတယ်။ ကုန်းသည်များက မင်းကြီးမှန်းသိ၍ အရိုအသေးများပေးကြတယ်။ ထိုနောက်မင်းကြီးက
မင်းကြီး... 'မင်းတို့ ဘယ်အရပ်ကလာကြတာလဲ'
ကုန်သည်... 'သာဝတ္ထိကပါ မင်းကြီး'
မင်းကြီး...'သာဝတ္ထိပြည်မှာ ဘားမျာ ထူးထူးခြားခြားရှိသလဲ'
ကုန်သည်...'မှန်ပါ့ သစ္စာလေးပါကို သိမြင်တဲ့ ဂေါတမမြတ်စွားဘုရား ပွင်ပေါ်နေကြောင်းပါ'
မင်းကြီးလည်း တောင်းတနေသော "ဗုဒ္ဓ" ဟူသော အသံကြားရလို့ အားရဝမ်းသာဖြစ်ကာ တစ်ခဏမှ သတိလစ်သွားတယ်။ ထိုနောက်တစ်ဖန်မင်းကြီးက
မင်းကြီး.. နောက်ကော ဘာသတင်းများထူးသေးလဲ။
ကုန်သည်... မှန်လှပါ ဗုဒ္ဓ၏ တရားဓမ္မများကလည်း အထူးကြည်ညိုဖွယ်ပါဘုရား၊ တရားရတနာလည်း သာဝတ္ထိမှာ ပေါ်ထွန်းနေပါပြီးမင်ကြီး။
ဓမ္မဆိုတဲ့ စကားကို ကြားရလို့လည်း ပီတိသုခဖြစ်ကာ သတိလစ်သွားပြန်တယ် ခဏကြာမှ
မင်းကြီး... နောက်ကော ဘာထူးသေးလဲလို့ ထပ်မေးပြန်တယ်။
ကုန်သည်... ဗုဒ္ဓ၏ပည့်သား သံဃာတော်များကလည်း ထူးထူးခြားခြား ကြည်ညိုဖွယ်ရာပါဘုရား၊ သံဃာရတနာလည်း ပေါ်ထွန်းနေပါတယ်ဘုရား။
မင်းကြီး သံဃာအဆိုတဲ့အသံကြားရလို့ တတိယအကြိမ် ပီတီအဟုန်ကြောင့် မေ့လျော့သွားပြန်တယ်။ မင်းကြီးသတိပြန်ဝင်လာတော့မှ..
မင်းကြီး.. ဗုဒ္ဓရှိရာအရပ်ကို ဘယ်လိုသွားရမလဲ ကုန်သည်တို့
ကုန်သည်.. မင်းကြီး ဗုဒ္ဓထံသွားမယ်ဆိုရင် လမ်းမှာ မြစ်ကြီးသုံးတန်ဖြတ်ရပါလိမ့်မယ်ဘုရား။
ထိုစကားကိုကြားတော့ မင်းကြီးက..."အိမ်း ဘယ်လို့ပင် ရေတွေ၊ကုန်းတွေ ကာဆီးပါစေ ဗုဒ္ဓထံကိုတော့ ရောက်အောင်သွားမယ်၊ ၊ ဗုဒ္ဓ၊ ဓမ္မ၊သံဃဆိုတဲ့မင်္ဂလာသတင်းပါးလို့ မင်းတို့အတွင် ဆုတော်ငွေသုံသိန်း၊ ပြီးတော့ ငါ၏ မိဖုရားထံလည်း သွားရောက် သတင်းပို့ကြဦးနော်" ဟု မှာကြားလိုက်တယ်။
မင်းကြီးလည်း အမတ်တစ်ထောင်နှင့်ဗုဒ္ဓရှိရာ သာဝတ္ထိကို မြင်းကိုယ်စီနဲ့ ထွက်ခဲ့ကြတယ်။
မြတ်စွာဘုရားကလည်း မဟာကပ္ပိနမင်းနှင့်အမတ်တစ်ထောင်တို့ လာရောက်မည်ဆိုတာ ကြိုတင်သိလို့် ယူဇနာ ၁၂၀ ကွာဝေးသော စန္ဒဘာဂါမြစ်ကမ်းနဖူး ညောင်ပင်ရင်းမှာ ရောင်ခြည်တော်
ခြောက်သွယ်လွတ်ခါ သီတင်းသုံးနေတော်မူတယ်။
လမ်းခရီးတွင် ရတနာမြတ်သုံးပါ ဂုဏ်တော်များကို အာရုံပြုကာသွားသဖြင့် မြစ်ကြီးသုံးစင်းကို ကူးဖြတ်ရာ လှေဖောင်ရှားစရာလိုပဲ မြင်းစီးပြီးကူးသွားရာ စီးမြင်းတစ်ထောင်တို့ဟာ ရေးနစ်မြုပ်ခြင်းမရှိပဲ ခွါအဖျားမှာသာ ရေစွတ်ရုံသာ၊ စွတ်စိုတယ်။
မင်းကြီးလည်း စန္ဒဘာဂါမြစ်ကမ်းရောက်သောအခါ ပညောင်ပင်အောင်ဝယ်ရောင်ခြည်တော် ခြောက်သွယ်
ဖြင့်တင့်တယ်စွာ ထိုင်နေသော မြတ်စွာဘုးရားကို အားရပါးရ ဝမ်းပန်းတသာ ဖူးတွေ့လိုက်ရတယ်။
မြတ်စွားဘုရားရဲ့ တရားဒေသနာအဆုံးမှာတော့ မင်းကြီးနှင့်တကွ အမတ်တစ်ထောင်
သောတာပန်းတွေ ဖြစ်ကုန်ကြတယ်။ ထို့နောက် ရဟန်းအဖြစ်ကို တောင်းခံကြသော မင်းကြီးနှင့်အမတ်အားလုံးကို မြတ်စွာဘုရားက ဧဟိ ဘိက္ခု ခေါ်တော်မူလို့ ရှေးကုသိုလ်ကံ အဟုန်ကြောင့် ချက်ခြင်းလူအသွင် ပျောက်ကာ ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတော်များ ဖြစ်သွားကြတယ်။
အနောဇာမိဖုရား..
ကုက္ကှုဋပြည်မှာ ကုန်သည်များကလည်း မင်းကြီးမှာကြားထားသည့်အတိုင်း အနေဇာမိဖုရားထံသို့ မင်္ဂလာ သတင်းကို သွား၍လျှောက်တင်ကြတယ်။ မိဖုရားကြီးလည်း ရတနာသုံးပါး လောကမှာ ပွင့်ပေါ်ကြောင်း ကြားသိရလို့ ဝမ်းမြောက်၊ဝမ်းသာ ပီတိဖြာလို့ ကုန်သည်များအာ အသပြာသုံးသိန်း ဆုတော်ငွေအဖြစ်
ပေးလိုက်တယ်။
ထို့နောက် မိဖုရားက " မင်းကြီးနှင့်အမတ်တစ်ထောင်တို့ ထီးနန်းကို စွန့်ပြီး ဗုဒ္ဓထံသွားကြပြီ၊ငါတို့ကော ဘာလုပ်ကြမလဲ"ဟု တိုင်ပင်လိုက်တဲ့အခါ မှုးမတ်ကတော်များက...
" အရှင် မိဖုရား... သူးများထွေးထားခဲ့သော တံတွေးပေါက်ကို ကျွန်မတို့ ကောက်၍ မမျိုလိုတော့ပါ" ဟုလျှောက်တင်ကာ အားလုံစိတ်တူ ကိုယ်တူ ဗုဒ္ဓထံကို ခရီးထွက်ခဲ့ကြတယ်။ လမ်းမှာ
ကျော်ဖြတ်ရတဲ့ မြစ်ကြီး သုံးစင်းကိုလည်း ရတနာသုံးပါ ဂုဏ်ကျေးဇူးကြောင့် အခက်အခဲမရှိ ကျော်ဖြတ်ကာ ဗုဒ္ဓထံရောက်သွားကြတယ်။ ဗုဒ္ဓသည် ရောက်ရောက်ချင်း မိဖုရားနဲ့မူးမတ်ကတော်တို့ သူတို့လင်ယောက်ျား များ ရဟန်းတော်များကို ရုတ်တရက် မဖူးတွေနိုင်အောင် တန်ခိုးဖြင့် အဓိဌာန်ထားတယ်။
အနော်ဇာမိဖုရားတို့အုပ်စု ဘုရားကိုဖူးတွေ့ပြီးနောက် " အရှင်ဘုရား၊ မဟာကပ္ပိနမင်းကြီး ဒီကို ရောက်လာပါသလား" ဟုမေးလျှောက်တော့။ ဗုဒ္ဓက စကားပရိယာယ်ဖြင့် ၊ ခေတ္တအနားယူပါဦးဟု ဆိုကာ တရားစကားဟောကြားလို့ မိဖုရားနှင့်တကွ၊မူမတ်ကတော်များ သောတာပန်တည်သွားကြတယ်။ မင်းကြီးနှင့်အမတ်တစ်ထောင်တို့ကတော့ ရဟန္တာများဖြစ်သွားကြတယ်။ ထိုအခါကျမှ တန်ခိုးဖြင့်ကွယ်ထားသော မင်းကြီှးနှင့်းမူမတ်ရဟန်းတော်များကို ဖူးတွေကြရတော့တယ်။
အနော်ဇာမိဖုရားနှင်မူးမတ်ကတော်တို့လည်း သာသနာမှာ ရဟန်းပြုလိုကြောင်း လျှောက်ထားလို့ သာဝတ္ထိကို ခေါ်ဆောင်ကာ ရဟန်းမများ ပြုလုပ်ပြီး များမကြားမီမှာပဲ ရဟန္တာများဖြစ်သွားကြတယ်။
ရှေးပါရမီကုသိုလ်ကြောင့် မဟာကပ္ပိနမင်းကြီးနှင့်အနောဇာတို့ဟာ ရတနာမြတ်သုံးပါ ဂုဏ်ကျေးဇူးကြောင့် လောကမှာ အပျော်းဆုံးလူ၊ အချမ်းသားဆုံးလူ၊ ဘဝအဓိပ္ပါယ်ရှိသောလူများ
ဖြစ်သွားကြတယ်။
ရဟန်းဘဝရဲ့အဓိပ္ပါယ်ကို ကျေးနပ်အားရတော်မူလို့ မဟာကပ္ပိန မထေရ်ဟာ " အဟော သုခံ ချမ်းသာ လေစွတကား" ဟု ကျူးရင့်တော်မူခြင်းဖြစ်တယ်။
ဒါကြောင့် မြတ်စွာဘုရားက ရဟန်းတော်များ မေးလျှောက်ချက်ကို...
ဓမ္မပီတိ သုခံ ဟောတိ၊ ဝိပ္ပသန္နေန စေတသော။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါရမ္မတိ ပဏ္ဍိတော။
ချစ်သားရဟန်းတို့ တရားအမြိုက်ကို တစ်ကျိုက်တစ်ပေါက်မျှ သောက်ရသောအခါ ချမ်းသာစွာနေရ၏။
ပညာရှိသည် အရိယာတို့သိအပ်သော ဗောဓိပက္ခိယတရား၌ အမြင်ကြည်လင်စွာဖြင့် အမြဲမပြတ် မွေ့လျှော် ပျော်ပိုက်ကာနေကြ၏ဟု မိန့်တော်မူလိုက်ပါတယ်။
ဓမ္မပဒ၊ မဟာကပ္ပိနဝတ္ထု
Tags:
တရားတော်များ
0 comments: