Thursday, March 22, 2018

ရုန်းထွက်ဖို့မလွယ်(အနိတ္ထိဂန္ဓ)


လူလောကဟာ... အမျိုးသမီးတွေ ..မရှိရင် ပျင်းစရာကြီး ယောက်ျားတွေလည်း ဒီလောက် အလုပ် ကြိုးစားတော့မှာ မဟုတ်ဘူးနော်..။ ယောက်ျားတွေ ဘာလို့ ဒီလောက် အားထုတ်နေရသလဲဆိုရင် ဣတ္ထိယ အတွက်ကြောင့်ပါ။

ဒါကလည်း အပြစ်ဆိုစရာ မလိုပါဘူး။ သဘာဝက ဖန်းထီထားတာကို..။ ကျား/ မ ဆွဲငင်အားဟာ သဘာဝက ဖြစ်လို့ အပြစ်ဆိုစရာ မလိုပေမဲ့ ၊ လိုတာထက် ပိုသွားရင်တော့ ရာဇဝတ်မှု မြောက်ပါတယ်။ ဒါကလည်း လူ့ယဉ်ကျေးမှုက သတ်မှတ်ထားလို့လို့ လွယ်လွယ်ကူကူ ပြောကြပါစို့။

လေလေးနက်နက် ဘာသာရေး ဝေါဟာရနဲ့ ပြောရရင် အတိုင်းအတာလွန်လာရင်တော့ ၊ အပါယ်ရောက် တတ်တယ်ပေါ့ဗျာ။

စာရေးသူ ဣတ္ထိယ ဆွဲအား ခေါင်းထဲဝင်လာတာက... ဘုရားလောင်း အနိတ္ထိမင်းသားလေး အကြောင်း ဖတ်မိလို့ပါ။

အနိတ္ထိမင်းသားလေးဟာ မွေးကတည်းက ဘယ်အမျိုးသမီးမှ ထိကိုင်လို့ မရဘူးတဲ့ သူကို နို့တိုက်ရင်တောင် နို့ထိမ်း အမျိုးသမီးများဟာ ကန့်လန့်ကာအတွင်း မှာ ပုံကွယ်ပြီး တိုက်ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အနိတ္ထိဂန္ဓ - မိန်းမနုံ့ မခံနိုင်သူလို့ အမည်ပေးထားတာပေါ့။

ပြေးလွှာ ဆော့ကစားတတ်တဲ့ အရွယ်မှာလည်း မိန်းမတွေနဲ့ မမြင်နိုင် ၊ မကြည့်နိုင်အောင်လို့ ဖခမည်းတော်က ဈာန်အိမ်ကလေး သီးခြားဆောက်ပေးထားရတယ်။ ဘာကြောင့် မိန်းမတွေက မကြည့်ချင် အောင်သဲရတာလဲဆိုတော့ မင်းသားလေးက ဗြဟ္မပြည်က လာလို့ပါ။ ဗြဟ္မာတွေဆိုတာ အသင်္ချေယျကပ် အသက်ရှည်ပြီး ကိလေသာတွေ ငြိမ်သက်နေပါတယ်။ ကိလေသာတွေ ကုန်သွားပြီးလို့ ဆိုတာ မဟုတ်ဘူးနော်။

ဗြဟ္မာပြည်မှာ 'မ'သတ္တဝါ၊ မိန်းမသဏ္ဍန်လည်းမရှိဘူးတဲ့ ရှည်လျားတဲ့ သက်တမ်း တစ်လျှောက်မှာ သထမဈာန်စွမ်းအားကြောင့် ကာမတဏှာတွေ ငြိမ်နေတာပါ။


ဘုရားလောင်းမင်းသားကလေးကလည်း ဗြဟ္မပြည်က အရှိန်တွေ မပျယ်သေးတဲ့ သဘောပါ။ မိဘတွေကလည်း အိမ်းထောင်ပြုပြီး ထီနန်းကို ဆက်ခံစေချင်ပါတယ်။ သူကတော့ လောလောဆယ်မှာ မ-သတ္တဝါတွေကို လုံးဝကြည့်မရဖြစ်နေတယ်။

တစ်နေ့တော့ မင်းကြီးက... " အင်း..ငါမှာ သားတစ်ယောက်မွေးထားပါတယ် သူက ကာမစည်းစိမ်းကို ခံစာပြီး ထိးမွေ ၊ နန်းမွေးကို ဆက်ခံမည်သူမဟုတ်ပါလား" လို ညည်ညူပါသတဲ့။

ဒီညည်းညူသံကိုကြားရတဲ့ နန်းတွင်း ကချေသည်တစ်ဦးက.. " မင်းကြီး.. ဒီအနိတ္ထိဂန္ဓမင်းသားကို ဣတ္ထိတို့ရဲ့ အထွေ့အထိမှာ စွဲမက်သွားအောင် စွမ်းဆောင်နိုင်ပါတယ်လို့" လျှောက်ထားတော့။

မင်းကြီးက ဝမ်းသာလို့.. မင်းစွမ်းနိုင်ရင် မိဖုရား တင်မြောက်မယ်လို့တောင် ကတိပေးလိုက်ပါသေးတယ်။

ကချေသည်မလေးဟာ.. မင်းကြီးရဲ့ ခွင့်ပြုချက်ရတာနဲ့ မင်းသားလေးကို သူရဲ့အလှပ ဣတ္ထိယ မာယာအပြည့်နဲ့ ဦးစွာပထမ ယောက်ျားလေးဟန်ဆောင်ပြီး မင်းသားလေးထံ အခစားဝင်တယ်။ သီချင်း ဆို ဖျော်ဖြေတယ်။ ဒီလိုနဲ့ ရင်နှီးအောင် ဆွဲဆောင်ရင်း မကြာခင်မှာပဲ ဣတ္ထယ မုန်းတဲ့ မင်းသားလေဟာ ဣတ္ထိယ ကျော့ကွင်းမှာ တည့်တည့်ကြီး ဝင်တိုးမိရက်သားဖြစ်သွားပါလေရောဗျာ။

ဒီနောက်မှာတော့ မင်းသားလေးမှာ ငြိမ်သက်နေတဲ့ ကာမရမ္မက်တွေ ပေါ်ထွက်လာပြီး " ဣတ္ထိ မှန်သမျှ ငါတစ်ယောက် အကုန်ယူမယ်၊ အခြား ယောက်ျားတွေ မယူရ၊ အခြားယောက်ျားတွေ မရှိရလို့" ဆိုပြီး အခြားယောက်ျားတွေကိုပါ ရန်မူလာလို့ ။ ခမည်းတော် မင်းကြီးကိုယ်တိုင် မင်းသားလေးနဲ့ ကချည်သည်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရသတဲ့ဗျာ။

ဣတ္ထိယ ဆွဲအား ကြီးမာပါပေတကား..။


တိုင်းပြည်က နင်ထုက်လိုက်ရုံနဲ့ ဇာတ်လမ်းက မပြီးသေးဘူး။ နောက်ဆက်တွဲဇာတ်လမ်းက..
သူတို့နှစ်ယောက်ဟာ ဂင်္ဂါမြစ်နဲ့ သမုဒ္ဒရာကြားမှာ သစ်ရွက်တဲကလေး ဆောက်ကာ နေကြပါသတဲ့။
တစ်နေ့မှာတော့ ဘုရားလောင်းမင်က သစ်သီးရှာသွာခိုက် သမုဒ္ဒရာကျွန်ငယ်တစ်ခုမှာ ဈာန်အဘိဘညာဉ် ရသေ့တစ်ပါ သူတို့နေရာသို့ရောက်လာပါတယ်။ ဒီရသေ့ဟာ ဈာန်အဘိညာဉ်ရပါ။ သူလည်း သေရင် အနည်းဆုံးတော့ ဗြဟ္မာ့ပြည်ရောက်မှာပါ။ ဒါပေမဲ့ ဣတ္ထိဆွဲအားကြောင်း တိုတိုပြောရရင် ဈာန်ရ ရသေ့လည်း ဈာန်းလျောရတယ်ပေါ့ဗျာ။

ဘုရားလောင်း မင်းသားလေး တောက သစ်သီးရှာ ပြန်လာလို့ နေရာပြန် ရောက်တော့ သူမိန်းမနားမှာ ရသေ့တွေရတယ်ပေါ့ဗျာ။ ဒီတော့ ..... မယားထိ ဓားကြည့် ဆိုသကဲ့သို့ ဓားနဲ့လိုက်ပါတော့တယ်။ ဈာန်ရကိုယ်တော်လည်း ဈာန်လျောလို့ ကောင်းကင် မပျံနိုင်တော့ဘဲ ကြောက်အားလန်းအားနဲ့ ပြေလွှားရင်း သမုဒ္ဒရာကမ်းနားဆီးသို့ ရောက်သွားတယ်။ကမ်းစမ်းမှာ ဈာန်ပြန်ဖို့ အားထုတ်ရင်း ရေထဲကို ပြုတ်ကျ
သွားပါတယ်။

ဘုရားလောင်းးက ပညာရှိ မဟုတ်လားဗျ ၊ ရသေ့အချင်းအရာကို မြင်တော့ စဉ်စားတယ်။ ရသေ့ဟာ ဈာန်ရကိုယ်တော် ဖြစ်မယ် သူလာစဉ်က ဈာန်အဘိညာဉ်နဲ့လာတာ။ ဣတ္ထိယဆွဲအားကြောင့် ဈာန်လျောတာ ဖြစ်မယ်လို့ စဉ်းစားမိပြီး ရသေ့ကို အကြောင်းစုံ မေးသပေါ့ဗျာ။

ရသေ့လည်း ဖြစ်ကြောင်းကုန်စဉ် ပြောပြပြီး သတိသံဝေ ရတော်မူလို့ ရေထဲမှာပဲ တရားဘာဝနာ ပွားများလိုက်တာ ဈာန်အဘိညာဉ် ပြန်ရလို့ ကောင်းကင်ခရီးနဲ့ ပြန်ကြွသွားပါသတဲ့။

ဘုရားလောင်းမင်းသားလေးလည်း သတိသံဝေရတော်မူကာ ကချေသည်မကို နေပြည်တော်ကို
ပြန်လွှတ်ကာ ၊ တောထဲမှာပဲ ရသေ့ရဟန်းပြုတော်မူပါတယ်။

တော်သေးတာပေါ့... ဘုရားလောင်း သတိသံဝေရတော်မူလို့သာ... သာမန်ပုထုဇဉ်များအတွက်ကတော့ ဣတ္ထိယဆွဲအားဓာတ်မှာ ရုံးထွက်ဖို့ မလွယ်ရေးချ မလွယ်ပါ။

Previous Post
Next Post

About Author

0 comments: