Monday, March 12, 2018

"ဒု၊သ၊န၊သော"



ဗုဒ္ဓဘာသာဝင်တိုင်းလိုလို "ဒု၊သ၊န၊သော" ဟူသော စကားကို ကြားဖူးနေကြပါတယ်။ ကြားဘူးနားဝ ရှိလို့လည်း မလိမ္မာ ၊ ဆိုဆုံးခက်သော ကလေးငယ်များကိုပင် " မင်းကတော့ ဒု၊သ၊န၊သောပဲ" လို့ ရေးရွတ် တတ်ကြပါတယ်။ အဓိပ္ပါယ်သိ၍မဟုတ် အများပါစပ်ဖျားမှာ ပြောသံကြားဖူးနေ၍  သံရောက်လိုက် ရောချလိုက်ခြင်းဖြစ်ပါတယ်။

'ဒု' ဆိုတာ မကောင်းသော အသက်မွေးမှုကို ပြုမိခဲ့လေးခြင်းလို့  
ငရဲမှာ ရောက်နေကြတဲ့ ငရဲသား လေးယောက် တွင်တစ်ယောက်က ညည်းတွာသံကို ဆုံးအောင်မဆိုနိုင်ပဲ ၊ ပြန်မြှုပ်သွားလို့ 'ဒု' တစ်လုံးထဲကို ပဲကောသလမင်းကြီး ကြားရခြင်းဖြစ်ပါတယ်။

'သ'. ဆိုတာ နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ ခံစားနေရတယ်လို့ ညည်းညူသံ။

'န'. ဆိုတာ ငရဲဒုက္ခကား အဆုံးအဆမရှိ ဆင်းရဲဘိလေခြင်းလို့ ညည်းတွားသံ။

'သော'. ဆိုတာ  နောက်ဘဝများတွင် ကောင်းသော အလုပ်ကိုသာ လုပ်ပါတော့မယ်လို့ 
သံဝေဂရသံ တို့ ဖြစ်ပါတယ်။

ကဲစာဖတ်ပရိတ်သတ်.. ကောသလမင်းကြီး ဘာလို့ " ဒု၊သ၊န၊သော"  ဆိုတဲ့အသံကို  အိပ်မက် မက်သလို ကြားရသလဲဆိုတာ လေ့လာကြည့်အောင်ပါ။

သာဝတ္ထိပြည်ရဲ့ တစ်ခုသော ပွဲလမ်းသဘင်မှာ ကောသလမင်းကြီးဟာ  ပုဏ္ဍရိကဆင်ဖြူတော်ကိုစီးကာ နေပြည်တော်ကို လှည့်လယ်ပါတယ်။  ထိုအချိန်မှာ  အမှတ်တမဲ့ အိမ်တစ်အိမ် ပြူတင်းပေါက်မှ  သူ့အား လှမ်းမျှော်ကြည်နေသော ချစ်စဖွယ် ကလေးမတစ်ယောက်ကို မြင်မြင်ချင်း တက်မက်စိတ်များဖြစ်ပေါ် လာလို့  မြို့တော်ကို ဆက်လက် လှည်လည်ခြင်းမပြုတော့ပဲ နန်တော်သို့ ပြန်လာခဲ့ပါတယ်။

နန်းတော်ကို ပြန်ရောက်ရောက်ချင်း လူယုံတော် လုလင်တစ်ယောက်ကို ခေါ်ကာ အဲဒီကလေးမမှာ ကာမပိုင် လင်ယောက်ျားရှိ၊မရှိကို စုံစမ်းခိုင်းပါတယ်။  စုံစမ်းချက်အရ.. ကာမပိုင်ယောက်ျားရှိမှန်သိသောအခါ.. ထိုလင်ယောက်ျားအား နန်းတွင်းမှာ မင်းခယောက်ျားအဖြစ် ခစားခိုင်းပါတယ်။

ထိုမင်းခယောက်ျားဟာ ဒီအလုပ်ကို စိတ်မဝင်စားသော်လည်း မင်းပြစ်မင်းဒဏ်ကြောက်တာကြောင့် မပျက်မကွက် တာဝန်ကို ထမ်းဆောင်နေရပါတယ်။ တဖက်ကလည်း မင်းကြီးစိတ်အကြံကို နစွန်နဖျား ကြားထားပြီးသားမဟုတ်လား။

တစ်လ၊ နှစ်လတိုင်တိုင် မင်းခယောက်ျားဟာ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နေကာ အပြစ်ရှာမတွေတာကြောင့် တစ်နေ့တွင် နေပြည်တော်မှာ တစ်ယူဇနာဝေးသော ရေအိုင်သို့သွားကာ အရုဏဝတီမည်သော မြေမှုန့်နှင့်ကြာပန်းတို့ကို ယူဆောင်စေပါတယ်။
" ညနေ သူရေ ရေချိုးချိန် ပြန်မရောက် ပါကလည်း ပြစ်ဒဏ်မျာ ချမှတ်မယ်လို့ မိန့်ကြားလိုက်ပါတယ်"

ထိုမင်းခယောကျာ်းဟာ မင်းကြီးအမိန့်ကြားတာနဲ့ အထိတ်တလန့် အိမ်ပြန်ထမင်းထုပ်ယူကာ အပူတပြင်း ရေအိုင်ရှိရာကို ထွက်ခွာသွားပါတယ်။ ခေတ္တမျှနား ၊ထမင်းစားပြီး မင်းကြီးယူခိုင်းသော အရုဏဝတီမြေမှုန့်နှင့်ကြာပန်းတို့ကိုယူဆောင်ကာ နေပြည်တော်ကို အချိန်မှီပြန်လာခဲ့ပါတယ်။

မြို့တံခါဝကို  နေမဝင်ခင် အချိန်မှီရောက်သော်လည်း တံခါးက ပိတ်ထားတာကိုတွေ့ရတယ်။ တံခါးမှူအား မင်းကြီးအထူးတမာန်ဖြစ်၍ ဖွင့်ပေးရန်ပြောသော်လည်း မင်းကြီးက မည်သူကိုမျှ ဖွင့်မပေးရန် အမိန့်ထုတ် ထားကြောင်း သိရတယ်။

မင်းခယောကျာ်းဟာ သူအချိန်မှီ ရောက်ကြောင်းကို တံခါးမှူးအား သက်သေထူကား မင်းကြီးယူခိုင်းသော မြေမှုန့်နဲ့ ကြာပန်းခိုင်ကို တံခါးမှူးအားပေးကာ အနီးနာရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ သွားအိပ်လိုက်တယ်။ သို့သော်လည်း မင်းပြစ်မင်းဒဏ်သင့်ကာ သူ့ဇနီးနဲပ ကွဲရမည်းအရေး ကိုတွေကာ တစ်ညလုံး အိပ်မပျော်ဖြစ်နေတယ်။

ကောသလမင်းကြီးကလည်း နောက်နေ့နံက်မှာ  ထိုမင်းခယောက်ျားကို သတ်၍ သူ့ဇနီးသိမ်းပိုက်မည့် အရေးတွေးကာ အိပ်မပျော်ဖြစ်နေပါတယ်။

မင်းကြီး တစ်ညလုံး  ကာမအာရုံအတွေးများဖြင့် အိပ်မပျော်ဖြစ်နေခိုက်မှာ ကြောက်စရာကောင်းသော
 " ဒု၊သ၊နသော" ဟူသောအသံကြီးလေးခုပေါ်ထွက်လာလို့ တုန်လှုပ်ချောက်ချားသွားတယ်။ တစ်ညလုံး အိပ်ပျော်လို့ နံက်လင်းသောအခါ ပုရောဟိတ်ပုဏ္ဏားတို့ကို ညက အကြောင်းစုံကို ပြောပြတယ်။
 တကယ်တော့ ပုရောဟိတ်ပုဏ္ဏားတို့လည်း " ဒု၊သ၊န၊သော" ရဲ့အဓိပ္ပါယ်ကို မဖော်နိုင်ကြပါဘူး၊
သို့သော်လည်း မင်းကြီးအထင်သေးမှာ စိုး၍..

" အရှင်မင်းကြီး ၊ ဤအသံလေးခုဟာ သိပ်ကြောက်စရာကောင်းပါတယ်၊ မင်းကြီးအသက်ကိုပင် အန္တရာယ် ပြုနိုင်တယ်လို့ လျှောက်ထားကြပါတယ်။

မင်းကြီးလည်း အန္တရယ်ကို ကြောက်လန့်၍  ကာကွယ်တားဆီးနိုင်မည့် ယကြားများ ပြုလုပ်ရန် အမိန့် ပေးလိုပ်ပါတယ်။

ပုရောဟိတ်ပုဏ္ဏားတို့ဟာ မင်းကြီးအမိန့်အတိုင်း သတ္တဝါတို့ကို သတ်၍ 'သဗ္ဗသတ'ခေါ်တဲ့ ယဇ်ပူဇော်ပွဲ ပြုလုပ်ဖို့ ဆင်း၊မြင်း၊ကျွဲ၊နွားစသော သတ္တဝါအမျိုးမျိုးနှင့်သတို့သား၊ သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီရအောင် ဖမ်းဆီပါတော့တယ်။  မိမိတို့ သား၊သမီးဆွေမျိုးများကို အဖမ်အဆီးခံရတဲ့ လူတွေက ငိုကြွေးဟစ်အော်ကြပြီး။ တချို့လည်း ဘေးလွတ်ရာကို ရှောင်ပြေးကြပါတယ်။ သာဝတ္ထိပြည်ကြီး ကား ကမ္ဘာပျက်သကဲ့သို့ ပွတ်ပွတ်ညံသွားပါတယ်။

ထိုအဖြစ်အပျက်များကို မိဖုရားကြီး မလ္လိကာကြားသိသောအခါ.. မင်းကြီထံသွား၍  မိမိအတွက်အကြောင့် မစဉ်မစား သတ္တဝါများကို သတ်စေခြင်းမှာ မသင့်လျှော်ပါ။  ဒီကိစ္စကို မြတ်စွာဘုရားလည်း မေးလျှောက်သင့် ပါတယ်လို့ အကြံပေးပါတယ်။

ကောသလမင်းကြီးဟာ မိဖုရာမလ္လိကာနဲ့တူ ဇေတဝန်ကျောင်းတော်သွားကာ အကြောင်းစုံကို မြတ်စွာဘုရား အားလျှောက်ထားလိုက်ပါတယ်။

မြတ်စွာဘုရားက.." မင်းကြီး ဒီအသံဟာ ဘာမှ ကြောက်စရာမလိုဘူးဟုဆိုကာ " ဒု၊သ၊န၊သော" ရဲ့  အကြောင်းစုံကို ဟောပြခဲ့ပါတယ်။ 

မင်းကြီး  သင်မင်းကြီး ကြားရတဲ့ ဒု၊သ၊န၊သော ဆိုတဲ့ အသံကြီးလေးခုဟာ လောဟကုမ္ဘီငရဲမှာ ကျနေတဲ့ ငရဲသားလေးယောက်ရဲ့ တစ်ယောက်စီရဲ့ ဟစ်ကြွေးသံဖြစ်တယ်။
ထိုငရဲသားလေးယောက်ဟာ လွန်လေပြီးသောဘဝက သူဌေးသားများဖြစ်ကြတယ်။  သူတစ်ပါး သားမယားကို ပစ္စည်ဥစ္စာဖြင့် ဖြားယောင်းဖျက်ဆီးကြတယ်။  ထိုမကြောင်းမှုကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ
ဒုက္ခခံနေကြရတယ်။ ငရဲအိုးထဲမှာ အထပ်အောက် တက်လိုက်ကျလိုက် ဆင်းရဲးဒုက္ခခံနေရာမှ အထက်သို့ ရောက်ခိုက်မှာ  ငရဲဒုက္ခ ဆင်းရဲလှ၍ နောင်တရရှိကြောင်း ထုတ်ဖော်ပြောကြာလို၍ အားထုတ် ကြခြင်းဖြစ်တယ်။
သို့သော်လည်း သူတို့ ပြောလိုသော စကားကို ဆုံးအောင် မပြောကြားနိုင်ပဲ တစ်လုံးစီးကိုသာ
 ပြောပြီး အောက်သို့ တစ်ဖန်နှစ်မြုပ်သွားခြင်းဖြစ်တယ်။ 

ဤကဲ့သို့ ဗုဒ္ဓက သူဌေးသားလေးဦးအပြစ်ကို ထုတ်ဖော်ပြောကြားသောအခါ ကောသလမင်းကြီး လွန်စွာ ထိပ်လန့်တုန်လှုပ်သွားတယ်။ " နောင်တွင် သူတစ်ပါးသားမယားကို ပြစ်မှားခြင်းမှ လုံးဝရှောင်ကြဉ်မည်" ဟုလည်း ဆုံးဖြတ်လိုက်တယ်။

တချိန်းတည်းမှာပါပဲ ကောသလမင်း ခိုင်းလိုက်တဲ့ ကြာပန်းသွားခူသေား မင်းခယောက်ျားလည်း
 မြတ်စွာဘုရားထံ ရောက်လာတယ်။

ဗုဒ္ဓက. ကောသလနှင့်မင်းခယောက်ျား နှစ်ဦးသာဆုံတဲ့အခါမှာတော့
"အိပ်မပျော်သူအား ညတာသည် ရှည်လွန်း၏။
ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လွန်း၏။
တရားမသိသော လူမိုက်အား သံသရာသည် ရှည်လွန်း၏" လို့ဆုံးမစကားပြောလိုက်ပါတယ်။

ဗုဒ္ဓရဲ့တရားတော်အဆုံးမှာတော့ မင်းခယောကျာ်းလည်း သောတာပန်တည်၍ မင်းပြစ်မင်းဒဏ်မှ လွတ်ကင်းရ ပါတယ်။ ကောသလမင်းကြီးလည်း ယဇ်ပူဇော်ရန်ဖမ်းထားသော သတ္တဝါများကို လွတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။

ဓမ္မပဒ၊ဗာလဝဂ်၊အညတရပုရိသဝတ္ထု ကိုမျှဝေခံစားပါသည်။

Previous Post
Next Post

About Author

0 comments: