Friday, March 2, 2018

တစ္ဆကင်္ဂပဥှာ (တစည်းသမား၏ အင်္ဂါ ပြဿနာ)


၁၀။ အသျှင်ဘုရားနာဂသေန ''တစည်းသမား၏ အင်္ဂါ နှစ်ပါးတို့ကို ယူအပ်ကုန်၏'' ဟူ၍
ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ်
တစည်းသမားသည် တံမျဉ်းချည်ကို လိုက်လျော ညီညွတ်စေ၍ သစ်ကို ရွေသကဲ့သို့၊ မင်းမြတ်
ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မြတ်စွာဘုရားအဆုံးအမတည်းဟူသော
သာသနာတော်အား လိုက်လျော ညီညွတ်စေ၍၊ သီလတည်းဟူသော မြေ၌ ရပ်တည်လျက်၊ သဒ္ဓါတည်း
ဟူသော လက်ဖြင့် ပညာတည်းဟူသော ပဲကွပ်ကို ကိုင်စွဲလျက် ကိလေသာတို့ကို ရွေအပ်ကုန်၏။
မင်းမြတ် တစည်းသမား၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။
မင်းမြတ် နောက်တစ်မျိုးကား တစည်းသမားသည် အကာကို ပယ်၍ အနှစ်ကို ယူသကဲ့သို့၊
မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သတ္တ၀ါ, သင်္ခါရတို့ မြဲ၏ဟူသော
'သဿတ' အယူကို လည်းကောင်း၊ သေလျှင် ဘ၀ပြတ်၏ဟူသော 'ဥစ္ဆေဒ'အယူကိုလည်းကောင်း၊
ထိုအသက်သည်ပင် ထိုကိုယ် တည်းဟူသောအယူကိုလည်းကောင်း၊ အသက်သည် တစ်ခြား, ကိုယ်သည်
တစ်ခြားဟူသော အယူကိုလည်းကောင်း၊ ထိုငါ၏ အယူသည်သာ မြတ်၏၊ တစ်ပါးသော အယူသည်
မမြတ်ဟူသော အယူကိုလည်းကောင်း၊ တစ်စုံတစ်ယောက်သောသူက မပြုအပ်, ပြု၍မဖြစ်, ပြုခြင်းငှါ
မထိုက်ဟူသော အယူကိုလည်းကောင်း၊ ယောကျာ်းတို့ ပြုအပ်သော လုံ့လသည် အကျိုးမရှိဟူသော
အယူကိုလည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၏ အကျိုးမရှိဟူသောအယူကိုလည်းကောင်း၊
သတ္တ၀ါသည် ပျက်စီး၏ဟုယူသော အယူကိုလည်းကောင်း၊ သတ္တ၀ါသည် အသစ်ဖြစ်၏ဟူသော
အယူကိုလည်းကောင်း၊ သင်္ခါရတရားတို့ မြဲ၏ဟု ယူသော အယူကိုလည်းကောင်း၊ အကြင်သူသည် ပြု၏၊
ထိုသူသည် ခံစားရ၏ဟူသော အယူကိုလည်းကောင်း၊ သူတစ်ပါးသည် ပြု၏၊ သူတစ်ပါးသည်
ခံစားရ၏ဟူသော အယူကိုလည်းကောင်း၊ ကံ၏ အကျိုးသာဟု စွဲယူသော အယူကိုလည်းကောင်း၊
ပြုအပ်သော အမှု၏ အကျိုးကို သာ ခံစားရ၏ဟု ယူသော အယူကိုလည်းကောင်း၊ ဤသို့ သဘော
ရှိကုန်သော အယူတို့ကိုလည်းကောင်း၊ အခြားသော ငြင်းခုံခြင်း၏ အကြောင်းဖြစ်သော အယူတို့ကို
လည်းကောင်း ပယ်စွန့်၍ သင်္ခါရတို့၏ သဘော ကိုလည်းကောင်း၊ အလွန် ကင်းဆိတ်ခြင်းကို
လည်းကောင်း၊ လုံ့လကင်းခြင်း, ဇီဝကင်းခြင်းကိုလည်းကောင်း၊ စင်စစ် ပြတ်ကင်းဆိတ်ငြိမ်ခြင်းကို
လည်းကောင်း စွဲယူရာ၏။ မင်းမြတ် တစည်းသမား၏ နှစ်ခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။
မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတ္တနိပါတ်၌- ''အမှိုက်သဖွယ် ပျက်ပြယ်
သော အလိုရှိသူကို နှင်ထုတ်ကြကုန်လော့၊ ခရုယောက် သွားပုပ်အတူ ပျက်ပြယ်သော သီလရှိသူကို
လည်း နှင်ထုတ်ကြကုန်လော့၊ ထို့ကြောင့် ရဟန်းအကျင့်မဟုတ်ဘဲ ရဟန်းအကျင့်ဖြစ်၏ဟု မှတ်ထင်
ကုန်သော အယူအဖျင်းတို့ကို နှင်ထုတ်ကြ ကုန်လော့။ ယုတ်မာသော အလိုတို့ကိုလည်းကောင်း၊
ယုတ်မာသော အကျင့်, ကျက်စားရား အာရုံတို့ကိုလည်းကောင်း နှင်ထုတ်ပြီး၍ စင်ကြယ်ကုန်သူတို့သည်
စင်ကြယ်ကုန် သူတို့နှင့် ရိုသေကျိုးနွံကုန်၍ ပေါင်းသင်းဆက်ဆံခြင်းကို ပြုကြကုန်လော့၊ ထိုသို့ ပြုသည်
ရှိသော် ညီညွတ်ကြကုန်သည်ဖြစ်၍ ပညိနြေ္ဒရင့်ကြကုန်လျက် ဆင်းရဲ၏ အဆုံးကို ပြုနိုင်ကြ ကုန်လတ္တံ့ ဟု ဖြေဆိုဟောကြားတော်မူသည်။
Previous Post
Next Post

About Author

0 comments: