Saturday, March 24, 2018

သုန္ဒရီ ပရိဗိုဇ်မ


မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှ သတင်းသုံတော်မူစဉ် တတ္တိတို့ဟာ လာဘ်လာဘ ဆုတ်ယုတ်လာလို့ ဗုဒ္ဓနှင့်သံဃာတော်များ အကြည်ညိုပျက်အောင် အမျိုးမျိုး လုပ်ဆောင်လာပါတယ်။

တတ္ထိတို့ရဲ့ အကောက်ကြံ ဥာဏ်ဆင်ဖို့ ရွေးချယ်ခံလိုက်ရသော သူမှာ သုန္ဒရီ ပရိဗိုဇ်မ ပဲဖြစ်ပါတယ်။ သုန္ဒရီဟာ ချောမောလှပပေမယ့် တတ္ထိ များနဲ့ ပူးပေါင်းမိ၍ ဘဝဇာတ်သိမ်းကား မလှခဲ့ပါ။

တတ္ထိတို့ရဲ့ ညွှန်ကြားချက်အတိုင်း သုန္ဒရီ အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ဒီမလိမ့်တပတ် အောင်မြင်းမှု ခဏတာကို တတ္ထိတို့က ကျေနပ်ခဲ့ပြီး ပြုံးပျော်နေကြပါတယ်။

နှစ်ရက်၊ သုံးရက် ကြာသောအခါ တတ္ထိတို့သည် လူသတ်သမား တို့ကို ငှား၍ သုန္ဒရီ ပရိဗိုဇ်မ ကိုသတ်ခိုင်းပါတယ်။ အလောင်းကို မြတ်ဗုဒ္ဓ နှင့် ရဟန်း သံဃာတော်များ သီတင်းသုံးနေထိုင်သောဇေတဝန်ကျောင်းတော် အနီး အမှိုက်ပုံ အနီးတွင် ပစ်ထားခိုင်းလိုက်ပါတယ်။

ထိုနောက် တိတ္ထိတို့က လုပ်ဇာတ်ခင်းကာက သူတို့ ရဲ့တပည့်မ သုန္ဒရီ ပရိဗိုဇ်မ ပျောက်နေသဖြင့်ဇေတဝန်ကျောင်းတော် အနီး ပတ်ဝန်းကျင် ရှာလိုကြောင်း ကောသလ မင်းကြီးထံ ခွင့်တောင်းကြပါတယ်။ မင်းကြီး ကလည်းခွင့်ပြု ခဲ့ပါတယ်။

ထိုအခါ တတ္ထိတို့သည် ဇေတဝန်ကျောင်းတော် အနီး အမှိုက်ပုံ အနီးမှ သုန္ဒရီ ပရိဗိုဇ်မ ရုပ်အလောင်း ကိုညောင်စောင်းဖြင့် သယ်ယူ၍ ကောသလ မင်းကြီးအား ပြသပါတယ်။ မင်းကြီးထံမှ တမြို့လုံးလှည့်လည် ပြသ ခွင့်တောင်းပါတယ်။မင်းကြီး ကလည်းခွင့်ပြု ခဲ့ပါတယ်။

တတ္ထိတို့က သုန္ဒရီ ပရိဗိုဇ်မ ရုပ်အလောင်း ကို တစ်မြို့လုံးလှည့်လည် ပြကြပါတယ်။ ရဟန်းဂေါတမ နှင့် သူ၏ တပည့် သာဝက များက သုန္ဒရီ ပရိဗိုဇ်မ ကို မတော်မတရားပြုကျင့်ပြီး သတ်ပစ်ခြင်းဖြစ်ကြောင်း ဝါဒ ဖြန့်ကြပါတယ်။

ထိုအခါ သာဝတ္ထိ မြို့သူမြို့သားများ များစွာ စိတ်မချမ်းမသာ ဖြစ်ကြပါတယ်။
ဖြစ်ရပ်မှန်များကို ထာဝရ ဖုံးဖိထား၍ မရပါ။ အချိန်တန်ရင် သူ့ပင်ကိုယ်အတိုင်း ပေါ်လာရမြဲဖြစ်ပါတယ်။
သုန္ဒရီ ပရိဗိုဇ်မ လုပ်ကြံသတ်ဖြတ်မှု ဟာ နောက်မကြာခင် အရက်သမားများ အရက်မှုး ရာမှ အမှန်အတိုင်း ပေါ်ပေါက်လာပါတော့တယ်။

ထိုအခါ ကောသလ မင်းကြီး အမိန့်အာဏာနဲ့ တတ္ထိတို့ သာဝတ္ထိ တမြို့ လုံးလှည့်လည်၍ သုန္ဒရီပရိဗိုဇ်မ လုပ်ကြံသတ်ဖြတ်မှု ကိုကျုးလွန် ခဲ့သည်မှာ ရဟန်းဂေါတမ နှင့် သူ၏ တပည့် သာဝကများ မဟုတ်ကြောင်း၊ မိမိတို့ တတ္ထိများသာ ဖြစ်ကြောင်း ကြွေးကြော် ဝန်ခံကြရပြန်ပါတယ်။

တရားသဘောရ
အကောက်ကြံ ရက်စက်မှု လုပ်နေသူများဟာ တစ်နေ့ အရှက်ကွဲ၊နောင်တ ရကာ ဘဝ ဇတ်သိမ်းမလှသည်မှာ သေချာပါတယ်။

Previous Post
Next Post

About Author

0 comments: