Saturday, March 3, 2018

ပဋိသန္ဓေကပင် သရဏဂုံတည်သောဝတ္ထု





တစ်ရံရောအခါ မြတ်စွာဘုရားသည် သံသုမာရဂိရိမြို့သို့ကြွရောက်တော်မူ၏၊ ဗောဓိမင်းသားသည် လုလင်တစ်ယောက်နှင့် ဘုရား ထံသို့လာ၍ ချမ်းသာသုခမည်သည်ကို ဒုက္ခနှင့်ရင်းမှ ရနိုင်သည်ဟု ထင်မိပါကြောင်း လျှောက်ထား၏၊ ထိုအခါ မြတ်စွာဘုရားသည် ဟုတ်လှ၏မင်းသား-ဟု မိန့်တော်မူ၍ ဘုရားအဖြစ်ဟူသော သုခကိုရခြင်းငှါ ၆-နှစ်ပတ်လုံး ကျင့်ရသော ဒုက္ကရစရိယ ဒုက္ခကို အကျယ်အားဖြင့် ဟော တော်မူ၏၊ ဒေသနာအဆုံး၌ ဗောဓိမင်းသားသည် ''အဘိက္ကန္တံ ဘန္တေ'' အစရှိသော စကားဖြင့် ဒေသနာတော်ကို ကြည်ညိုချီးမွမ်း၏၊ သရဏဂုံကို မဆောက်တည်။
ထိုအခါလုလင်က အရှင်မင်းသားသည် သည်လိုချည်း လုပ်သည်၊ ဒေသနာတော်ကိုသာ ကြည်ညိုချီးမွမ်းသည်၊ သရဏဂုံကိုကား-ဆောက် တည်သည်ဟူ၍မရှိ-ဟု ဆိုလေသည်။
ထိုအခါ လုလင်...ငါကား သရဏဂုံ ဆောက်တည်ဘွယ်ကိစ္စ မရှိ၊ မယ်တော်၏၀မ်း၌ ပဋိသန္ဓေတည်စဉ်အခါ ငါ၏မယ်တော်သည် မြတ်စွာဘုရား အထံတော်သို့ရောက်၍ သရဏဂုံ ဆောက်တည်သော အခါ မိမိအတွက်တစ်ကြိမ်, ငါ၏အတွက်တစ်ကြိမ် ၂-ကြိမ်ထပ်မံ၍


ဆောက်တည်သည်၊ ထို့ကြောင့် ငါသည် မဖွားမီကပင် သရဏဂုံတည်ပြီး ဖြစ်သည်ဟု မြတ်စွာဘုရားရှေ့တော်၌ လုလင်အား ဗောဓိမင်းသား ပြောကြားပေ၏။
ယခုအခါ၌ သဒ္ဓါပညာရှိကြသော မာတုဂါမတို့လည်း မိမိဝမ်း၌ ကိန်းသော သူငယ်၏ ဘုန်းကြီးသက်ရှည်စေခြင်းငှါ အတုခိုးဘို့ကောင်း လှ၏၊ ဤ၀တ္ထုကိုထောက်၍ လူတို့သရဏဂုံမည်သည် ရတနာ ၃-ပါးကို အထွတ်အမြတ်-ဟု ယုံကြည်၍ သိ၍ ငါ၏ကိုးကွယ်ရာတည်း-ဟု စိတ်ဖြစ်၍နေလျှင် ထိုသူ၌ သရဏဂုံတည်တော့သည်၊ ထိုစိတ်ကို မစွန့် သမျှကာလပတ်လုံး ဘယ်သူကိုပင် ဆည်းကပ်ကိုးကွယ်သော်လည်း သရဏဂုံပျက်သည်ဟု မရှိပြီ-မှတ်လေ။

ထိုအစစွာဆောက်တည်မှုမှာ-
၁။ ယခုအခါ၌ သာသနာပိုင် သာသနာပြု ဆရာတော်ကြီး၏ အထံမှာပင် ခံယူဆောက်တည်သော်လည်း ထိုဆရာတော်ကြီးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောအမှုမဟုတ်၊ ဆရာတော်ကြီးကို ရှေးရှုပြု၍ တိုင်တည်ရုံမျှ သွန်သင်၍ ပေးစေရုံမျှသာ ဖြစ်သည်၊ သရဏဂုံ မှာမူကား- နှုတ်ြွမက်မှုနှင့်ပြီးစီးလေသည်။
၂။ ၂-ပါး, ၃-ပါးသောဂိုဏ်း၏ အထံမှာ ခံယူရာ၌လည်းကောင်း,
၎-ပါး, ၅-ပါးအစရှိသော သံဃာ၏အထံမှာ ခံယူရာ၌လည်းကောင်း ထိုဂိုဏ်းသံဃာတို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သည်မဟုတ်၊ ဂိုဏ်း သံဃာတို့ကို ရှေးရှုပြု၍ တိုင်တည်ရုံမျှ သွန်သင်၍ ပေးစေရုံမျှသာ ဖြစ်သည်၊ သရဏဂုံမှာမူကား- နှုတ်ြွမက်ရုံမျှနှင့် ပြီးစေလေသည်။


ယခုသရဏဂုံသွန်သင်၍ ပေးကြသူ ဆရာတော်ကြီး ဂိုဏ်း သံဃာကြီးတို့သည်မူကား- မိမိတို့ပေးကြသော သရဏဂုံအတွင်း၌ မိမိတို့ ပါထိုက်မှ ပါကြရလိမ့်မည်၊ မပါထိုက်လျှင် မပါကြရ၊ ပါထိုက်, မပါထိုက်ကို နောက်မှဆိုလတ္တံ့။

ဤသို့လျှင် သရဏဂုံပေးသည်၊ ဥပုသ်သီလပေးသည်-ဟူသော စကားမျိုး၌ သွန်သင်၍ ပေးမှုကိုသာ ဆိုလိုရင်းဖြစ်သည်၊ သာသနာ ပိုင်ဆရာတော်ကြီးပင်ဖြစ်သော်လည်း ဤသူ၌ သရဏဂုံတည်စေ, ၅- ပါးသီလတည်စေ, ၈-ပါးဥပုသ်တည်စေ-ဟု အစိုးရမှုနှင့် ပေးနိုင်သော အမှုမျိုးမဟုတ်၊ ခံယူဆောက်တည်သူ၏ ကိုယ်, နှုတ်, နှလုံးသည်သာ ပေးနိုင်လေသည်၊ ၀စီဘေဒြွမက်ဆိုမှုသည်သာ ပဓာနဖြစ်လေသည်၊ ဘယ်ပုဂ္ဂိုလ်၏အထံမှာ ခံယူသော်လည်း ၀စီဘေဒအတွက်နှင့်သာ သရဏဂုံသီလ ရကြလေသည်၊ ထိုပုဂ္ဂိုလ်၏ပေးမှုနှင့် ရကြသည်မဟုတ်။
Previous Post
Next Post

About Author

0 comments: