ရာဇဂြိုဟ်ပြည်မှ အဇာတသတ်မင်းသည် ဝေသာလီပြည်ကို တိုက်ခိုက် သိမ်းပိုက်လိုကြောင်း
ဝဿကာရပုဏ္ဏားအား တိုင်ပင်စကား ပြောကြား၏။ ထိုအခါ ၀ဿကာရက ဤသို့ အကြံပေး သည်။ ဗိုလ်ပါပရိသတ်တို့
အလယ်၌ ဝေသာလီပြည်ကို တိုက်ခိုက်လိုကြောင်း မိန့်ကြားတော်မူပါ၊ ထိုအခါ ကျွန်ုပ်က မတိုက်ခိုက်သင့်ကြောင်း
ကန့်ကွက်ပါမည်။ အရှင်မင်းမြတ်က ကန့်ကွက်ရပါမည်လားဟု ကျွန်ုပ်ကို ခေါင်းတုံးရိတ်၍ မြို့တော်မှ
နှင်ထုတ်တော်မူပါ။ ကျွန်ုပ်သည် အရှင် မင်းမြတ်က နှင်ထုတ်သဖြင့် တိုင်းပြည်မှ ထွက်ခွာသွားပါမည်။
ဝေသာလီပြည် ရောက်လျှင် အချင်းချင်း သွေးကွဲအောင် ကုန်းတိုက်စကား ပြောကြားပါမည်။ သူတို့
စိတ်ဝမ်းကွဲမှ ၀င်ရောက် တိုက်ခိုက်လျှင် လွယ်ကူစွာ အောင်မြင်နိုင်ပါမည်။ ယခုအချိန်တွင်
ဝေသာလီပြည်ရှိ လိစ္ဆ၀ီမင်း တို့သည် သွေးစည်း ညီညွတ်နေသောကြောင့် တိုက်ခိုက်ရန် ခက်ခဲပါသည်။
ထို့ကြောင့် ကျွန်ုပ် အကြံပေးသည့်အတိုင်း ဆောင်ရွက်ပါရန် ပုဏ္ဏားက လျှောက်တင်သည်။
အဇာတသတ်မင်းလည်း ပုဏ္ဏားလျှောက်တင်သည့်အတိုင်း စိတ်ဝမ်းကွဲဟန် ပြု၍
ဝဿကာရပုဏ္ဏားကို ရာဇဂြိုဟ်ပြည်မှ နှင်ထုတ်လိုက်လေသည်။
လိစ္ဆ၀ီမင်းတို့သည် ၀ဿကာရပုဏ္ဏား ရာဇဂြိုဟ်ပြည်မှ ထွက်လာကြောင်း သတင်းကြား
သိသဖြင့် '' ၀ဿကာရပုဏ္ဏားဟာ ကောက်ကျစ် စဉ်းလဲတတ်သူ ဖြစ်သည်၊ ငါတို့ နယ်ဘက်ကို ကူးသန်းခွင့်
မပေးနှင့်၊ '' ဟု တားမြစ်ကြ၏။
အခိျု့သော လိစ္ဆ၀ီမင်းတို့ကမူ '' ငါတို့ပြည်ကို စစ်မတိုက်လို၍ စိတ်ဝမ်းကွဲကာ
နှင်ထုတ်ခံ
ရသူ ဖြစ်ပါသည်၊ ပုဏ္ဏားကြီးကို လာခွင့်ပြုသင့်ပါသည်၊ '' ဟု ဆို၍
လက်ခံလိုက်ကြသည်။လိစ္ဆ၀ီမင်းတို့သည် ၀ဿကာရပုဏ္ဏားကို တရားသူကြီး အမတ်အဖြစ် ခန့်အပ်တာဝန်ပေး
ထားလိုက်ကြလေသည်။
ပုဏ္ဏားမိုက်၏ ကုန်းတိုက်နည်း
တစ်နေ့သ၌ ၀ဿကာရပုဏ္ဏားသည် လိစ္ဆ၀ီမင်း တစ်ယောက်ကို တိတ်ဆိတ်ရာသို့
ခေါ်၍ '' လူငယ်တွေ လယ်ထွန်ကြပါရဲ့လား၊ '' စသည်ဖြင့် အရေးမပါသော စကားတို့ကို ပြော၍ ပြန်လွှတ်
လိုက်သည်။ အခြားလိစ္ဆ၀ီမင်းက '' ဘာပြောလိုက်သနည်း၊ '' ဟု မေးရာ အမှန်အတိုင်း ပြောပြ၏။
ဤအမေးလောက်အတွက် တိတ်ဆိတ်ရာသို့ ခေါ်မသွားဟု ယူဆသည်။ လှီးလွှဲပြောသည်ဟု အထင်လွဲကာစိတ်ဝမ်းကွဲသွားကြသည်။
အခြားတစ်နေ့၌လည်း လိစ္ဆ၀ီမင်းတစ်ယောက်ကို တိတ်ဆိတ်ရာ ခေါ်၍ ပြောပြန်သည်။
'' ဒီနေ့ ဘာဟင်းတွေနှင့် ပွဲတော်တည်ခဲ့သနည်း၊ '' ဟု မေး၍ ပြန်လွှတ်လိုက်ပြန်သည်။
ထိုမင်း ကိုလည်း အခြား လိစ္ဆ၀ီမင်းက မေးပြန်ရာ အမှန်အတိုင်း ပြောသော်လည်း မယုံကြည် ပြန်ပေ။
သူတို့နှစ်ဦးလည်း စိတ်ဝမ်းကွဲသွားကြပြန်သည်။
နောက်ပိုင်းတွင် တိုက်ရိုက်ပင် ကုန်းတိုက်စကား ပြောတော့သည်။ လိစ္ဆ၀ီမင်း
တစ်ယောက်ကို '' အရှင်မင်းသားဟာ သိပ်ဆင်းရဲနေတယ်လို့ အခြားမင်းသား တစ်ပါးက ပြောနေ ပါသည်၊
'' ဟု ကုန်းတိုက်၏။ အခြားမင်းသား တစ်ပါးကိုလည်း '' အရှင်မင်းသားက သတ္တိကြောင် တဲ့ မင်းသားလို့
ပြောနေပါသည်၊ '' ဟု ပြောကာ ကုန်းတိုက်ပြန်သည်။ ဤသို့ စသည်ဖြင့် စိတ်ဝမ်းကွဲအောင် ကုန်းတိုက်လာခဲ့ရာ
လိစ္ဆ၀ီမင်းတို့လည်း သွေးကွဲကုန်ကြလေတော့သည်။
ထိုအခါ လိစ္ဆ၀ီမင်းတို့သည် စည်းဝေးရန်အတွက် စည်တီး၍ ဖိတ်ကြားသည်။
မည်သို့ပင် စည်တီးပါသော်လည်း အစည်းအဝေးသို့ တက်ရောက်သူ နည်းပါးနေတော့သည်။
အခိျု့လိစ္ဆ၀ီမင်းတို့က '' ချမ်းသာသောမင်းတွေ အစည်းအဝေး တက်ကြပါ၊
ငါတို့လို ဆင်းရဲသား မင်းသားတွေ မတက်နိုင်ပါ၊ '' ဟု ဆိုကြ၏။ အခိျု့ကလည်း '' သတ္တိရှိသူတွေ
တက်ကြပါ၊ ငါတို့က သူရဲဘော ကြောင်သူတွေ ဖြစ်သည်၊ အစည်းအဝေးကို မတက်ရောက်နိုင်ပါ၊
'' ဟု ဆိုကြသည်။ ဝေသာလီပြည်သားတို့ ညီညွတ်မှု မရှိကြတော့။ နွားကွဲသဖြင့် ကျားဆွဲချေတော့မည်။
ထိုအချိန်တွင် ကုန်းအမတ်ကြီး ၀ဿကာရသည် အဇာတသတ်မင်း အထံသို့ စစ်ချီလာပါရန် လှိျု့ဝှက်သတင်းစကားဖြင့်
လျှောက်ကြားလိုက်သည်။ အဇာတသတ်မင်းလည်း ဝေသာလီပြည်သို့
လာရောက်တိုက်ခိုက်ရာ အလွယ်ဖြင့် အနိုင်ရခဲ့လေသည်။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။
0 comments: