သက္ကရာဇ် ၄၂၁-ခုနှစ်တွင် စောလူးမင်းသည် ပုဂံပြည်၍ မင်းပြုသည်။ တစ်နေ့သ၌
စောလူးမင်းသည် ပဲခူးစား ငရမန်နှင့်ြွေကအန်ကစားကြရာ ငရမန်က အနိုင်ရသည်။ ငရမန်က
'' နိုင်ပြီ၊ '' ဟု ပြောကာ လက်ခမောင်း ခတ်လိုက်သည်။
စောလူမင်းသည် ရှက်စိတ်ဝင်ကာ ဒေါသလည်း ထွက်လာသဖြင့် '' အန်တစ်ပွဲ
နိုင်ရုံနှင့် ကိုယ်ရည်သွေး မနေနဲ့၊ သတ္တိရှိရင် ငါ့ကို ပုန်ကန်စမ်း၊ '' ဟု ထပြောသည်။
ငရမန်က '' တကယ် ပုန်ကန်ရမည်လား၊ '' ဟု မေးပြန်ရာ '' စကားကို နှစ်ခါ ပြင်မပြောဘူး၊
'' ဟု စောလူမင်းက ပြောသည်။
ငရမန်လည်း အကြိုက်တွေ့သွားပြီး ပဲခူးသို့ ပြန်၍ လူသူ လက်နက်စုဆောင်းကာ
ပုဂံပြည်သို့ ချီတက်လာလေတော့သည်။ ထိုသတင်းကို ကြားလျှင် စောလူးမင်းနှင့် ကျန်စစ်သားတို့သည်
ငရမန်ကို တိုက်ရန် ပုဂံမှ စစ်ထွက်ခဲ့ပြီး ပြည်တော်သာကျွန်း၌ စခန်းချ နေကြသည်။ ကျန်စစ်သားက
'' ဤနေရာမှာ တပ်စွဲထားပြီး တိုက်ကွက်သာမှ ထွက်တိုက်ကြပါမည်၊ ''
ဟု အကြံပြုသည်။
ငရမန်သည် ဆင်ရုပ်ကြီးကို ပြုလုပ်၍ ရွှံ့ညွန်ထဲ၌ ထားပြီးလျှင် မိုးမလင်းမီ
အချိန်တွင် စောလူးမင်းထံသို့ စစ်ရေးမြှူလာ၏။ စောလူးမင်းသည် မိမိစစ်သည်တို့ကို နှိုး၍
လိုက်လန် တိုက်ခိုက်သည်။ ကျန်စစ်သား၏ စီမံမှုကို မနာခံဘဲ ဆင်ဖြင့် လိုက်၍ တိုက်ရာ မှောရီဝိုးဝါး
အချိန်၌ ရွှံ့ညွန်ပြင်က ဆင်ကို တကယ့်ဆင် မှတ်သဖြင့် အပြေးဝင်တိုက်သည်။ မိမိဆင်တော်
သန်မြန်စွာသည် ရွှံ့ညွန်ထဲ၌ နစ်လေတော့သည်။ စောလူး၏ စစ်သည်များ ဖရိုဖရဲဖြစ်ကာ ကွဲပြားကုန်ကြသည်။
စောလူမင်းသည် ညောင်ပင်ခေါင်းအတွင်း ပုန်းအောင်းနေရသည်။ ထမင်းသုံးနပ်မျှ မစားဘဲ နေရ၏။
ထမင်းဆာလွန်းသဖြင့် ငရမန်တပ်မှ တပ်သားတစ်ယောက်၏ ထမင်းထုပ်ကို ပတ္တမြားလက်စွပ်နှင့် လဲ၍
စားရလေသည်။
ငရမန်သည် ထိုတပ်သားထံမှ သတင်းရသောကြောင့် စောလူးမင်းကို လာရောက်
ဖမ်းဆီး၍ ချုပ်နှောင်ထားလေသည်။ ထိုအခါ ကျန်စစ်သားသည် စောလူမင်းကို ကယ်တင်ရန် ညအချိန်တွင်
တပ်တွင်းသို့ ခိုးဝင်ပြီးနောက် စောလူးမင်းကို ကျောပိုး၍ ထွက်ပြေးလာခဲ့သည်။ စောလူးမင်းသည်
ကျန်စစ်သား၏ စေတနာကို မယုံကြည်၍ '' ကျန်စစ်သား ငါ့ကို ခိုးပြီ၊ '' ဟု အော်ဟစ်တော့သည်။
ကျန်စစ်သားသည် စောလူးကို ပစ်ချလိုက်ပြီး '' မင်းဆိုးမင်းညစ်၊ ရန်သူ့လက်မှာ ခွေးလို
ဝက်လို သေရစ်ပေတော့၊ '' ဟု ပြောကာ ရှောင်တခင် ထွက်ပြေးသွားရလေသည်။
ငရမန်လည်း စောလူးရှိလျှင် အရေးအခင်း ဖြစ်လာနိုင်သဖြင့် အနုရာဓအရပ်၌
သတ်ပစ်လိုက်လေတော့သည်။ စောလူးမင်းသည် အပျက်စကားအတွက် အသက်သေခဲ့ရလေပြီ။ ထို့ကြောင့်
မကောင်းမှု အမှန်၊ မကောင်းကျိုးကို ဧကန်ဖြစ်စေသော နှုတ်ပြောကံ စရိုက်ဆိုး
တရားကို ရှောင်ရှားကြကုန်ရာ၏။ ။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။
0 comments: