လူတို့သည် မိမိဆရာက တော်သလို လျော်သလို ဖြစ်နေခဲ့လျှင် ငါ့ဆရာပဲဟု လူပုံအလယ်မှာ ညွန်ပြရန် အလွန်ဝန်လေးတတ်ကြပေမယ့် ဆရာက အသင်အပြကောင်း အကျင့်ကောင်း ဂုဏ်သတင်းမွေးလျှင်တော့ ငါ့ဆရာပဲဟု လူပုံအလယ်မှာ ရဲဝံစွာ ဂုဏ်ယူဝံကြွားတတ်ပါတယ်။
ထို့အတူ ဘုရားရှင်ရဲ့ သတ္တာဒေဝမနုဿာနံဂုဏ်တော်လည်း ၊ အနုတ္တရောပုရိသ ဒမ္မသာရထိဂုဏ်တော်အရ သတ္တဝါတွေကို ယဉ်ကျေးလိမ္မာအောင် ဆုံးတတ်လို့ ၊ ယဉ်ကျေးလိမ္မာသွားသော နတ်၊လူတွေက ဘုရားရှင်ဟာ ငါတို့ဆရားပဲဟု အသဲစွဲ ဂုဏ်ပြု အသိအမှတ်ပြုလာရာမှ လူဘုံအလယ်၊နတ်ဘုံအလယ်မှာ ဂုဏ်ယူဝံ့ကြွားရာမှ သတ္တာဒေဝ မနုဿာနံဂုဏ်တော်ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။
ဤနေရာတွင် စကားစပ်၍ လောလောဆယ်ဖြစ်ပျက်နေသော အခြေအနေကို ကြည့်ကာ “ဘုန်းကြီးများ စာမတတ်ဘူး”ဟု ဝါးလုံးရှည်ဖြင့် သိမ်းရိုက်နေသော စာမတောက်တစ်ခေါက် ခေတ်ပညာတတ်ဟုခေါ်ရသော လူငယ်များ စာကို အင်တာနက်တွင် မကြာမကြာဖတ်နေရပါတယ်။
လောကီပညာဟုခေါ်သော လောကီဆရာတို့ထံမှ ရသောပညာမှ တစ်ဘဝစာသာ ဖြစ်ပါတယ်။ ယနေ့ခေတ်ပညာ တတ်တို့ အလျံပယ်ပေါသော တိုးတက်ပြီး နိုင်ငံများတွင် ခေတ်ပညာတတ်သော်လည်း တစ်ဘဝစာ အလုပ်ရဖို့ပင် ခက်ခဲလာပါတယ်။ ဒီခေတ်ပညာမျိုးကာ ကမ္ဘာများစွာ ဖန်ဖန်ခါခါ ရလာခဲ့ဖူးသော ပညာမျိုးဖြစ်ရာ သိပ်တော့မထူးဆန်းပါ။
ဘုရားရှင်ပေးသော ပညာမှာကား သံသရာဒုက္ခတွေ ငြိမ်းအေးဖို့ သုခရကြောင်း သိကြောင်းပညာဖြစ်၍ လောကီခေတ်ပညာများထက် လွန်စွာသာလွန်မွန်မြတ်လှပါတယ်။ လူသားတို့ ဘဝများစွာက တစ်ခါမှ မကြုံ့ခဲ့ဖူးသော အငြိမ်းဓာတ် ထိုပညာမျိုးကို ရရှိလာသောအခါ ဘယ်ဆရာအပေါ်မှ မဖြစ်စဖူး ထူးကဲသောမြတ်နိုးမှုဖြင့် ဆရာတင်လာရာမှ သတ္ထာဒေဝမနုဿာနံဂုဏ်ပုဒ်တိုးလာရခြင်းဖြစ်ပါတယ်။
လေးနက်သောဆရာ ဘဂဝါ
လောကီဆရာများကား လာဘ်ပူဇော်သက္ကာရ အကျော်အဇောကို လိုလားတတ်ကြသလို ၊ တချို့လည်း ကိုယ်ကျိုးကို ကြည့်တတ်ကြပါတယ်။ ဘုရားရှင်ရဲ့ ဆရာဖြစ်ကာ အလောင်းတော်ဘဝ ပါရမီဖြည့်စဉ်ကပင် လာဘ်လာဘကို မလိုလား တရားသားကိုသာ ဦးစားပေးခဲ့ပါတယ်။ နောက်ဆုံးသိဒ္ဓတ္ထမင်းသားဘဝမှာလည်း ထီးနန်းစွန့်ကာ တောထွက်သွားခဲ့လို့ ဘုရားအဖြစ်သို့ရောက်သောအခါကား ဘာပစ္စည်းကိုမှ မမက်တော့ဘူးဆိုတာ သိသာထင်ရှားလှပါတယ်။
လောကီဆရာများကာ မိမိထံရောက်လာသော တပည့်တွေကိုသာ သင်ကြားပြသဆုံးမတတ်ပြီး။ဘုရားရှင်ကား မိမိထံရောက်လာသော တပည့်များကိုသာမက အပြည်ပြည်အရွာအရွာ အရောက်ကြွကာ ဟောပြောပြသတော်မူပါတယ်။ ကျွတ်ထိုက်သော သတ္တဝါတွေလျှင် ဘယ်လောက်ပင်ဝေးဝေး ဘယ်နေရာမဆို ယုတ်စွ အညစ်အကြေးစွန်ပစ်ရာ လူမသွားချင်သော အရပ်ကိုပင် ရောက်အောင် ကြွတော်မူပါတယ်။
တစ်ခါတစ်ရံ တန်ခိုးဖြင့်ကြွ၍၊ တစ်ခါတရံ ခြေကျင် လျှောက်တောမူပါတယ်။ အချို့ကျွတ်ထိုက်သော သတ္တဝါဆိုလျှင် နီးနီးကပ်ကယ် တယုတယ စောင့်ရှောက်တော်မူပါတယ်။ အချို့အဝေးကပင် ရောက်ခြည်တော်လွှတ်၍ အားပေးတတ်ပြီး၊ အဝေးကပင် တရားပြတော်မူပါတယ်။
ဘုရားရှင် သတ္တဝါများအတွက် မိုလင်းခါနီ ခဏတာလေးမျှကျိန်းစက်တော်မူကာ နေ့မအား ညနေ့မနား လေးဆယ့်ငါးဝါ ပတ်လုံး ကြိုးစားအားထုတ်တော်မူခဲ့လို့ လူနတ်တို့၏ဆရာ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖြင့် အဖန်ဖန်အထပ်ထပ် ချီးကျုးကော်ရောက် ပူဇော်ထိုက်ပါပေတယ်။

0 comments: