ရှေးရှေးတုန်းက မြတ်စွာဘုရားလောင်းဟာ ဗာရာဏသီပြည်မှာ
ကုဒါသပဏ္ဍိတဆိုတဲ့ အညတြ လယ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။
မိုတွင်းလေးလမှာတော့ သူ့ရဲအိမ်မှာ ပေါက်တူးတုံးတစ်လက်နဲ့
ပြောင်းမျိုးစေကို စိုက်ပျိုးပြီး မိုးကုန်တဲ့ အခါမှာတော့ မျိုးစေ့အဖြစ်
ပြောက်းမျိုးစေ့ တစ်ကွမ်းစာလောက်ချန်၍ ဟိမဝန္တာတောမှ ခြောက်လ ရသေ့ရဟန်း
လုပ်နေပါသတဲ့။
ဒါလိုနဲ့ ရှစ်လကြာရဟန်းဘဝ၊ လေးလကြာ တောင်သူလယ်သမားဘဝနဲ့
နေလာတာ ခြောက်နှစ်ကြာ လာခဲ့လို့ ရသေ့ရဟန်းဘဝ ဝင်လိုက်ထွက်လိုက် လုပ်တာ
ခြောက်ကြိမ်းအထိပါပဲ။
ခုနှစ်ကြိမ်မြောက်မှာတော့ ဘုရားလောင်းက.. " အင်း..ငါ..
ဒီပေါက်တူးနဲ့ မျိုးစေတွေကို သံယောဇဉ် တွယ်နေလို့ အကြိမ်ကြိမ်အခါခါ လူဘဝကို
ပြန်လာရတယ် ဒါတွေကို ဒီနေ့တော့ သံယောဇဉ်ဖြတ် မှပဲဟု" တွေးကာ
ဂင်္ဂါမြစ်ကမ်းနားကို သွားပါသတဲ့။
မြစ်ကမ်းနားရောက်တော့လည်း.. " ဒါတွေကို လွှင့်ပစ်တဲ့
အခါ ကျရာအရပ်ကို မြင်လျှင် ပြန်ကောက် နေဦး မှာပဲ" ဟု တွေးကာ
မမြင်အောင် မျက်လုံးကို စုံမှိတ်လို့ သူ့ရဲ့ ဦးခေါင်ထက်မှာ
ပေါက်တူးနဲ့ မျိုးစေ့ထုပ်ကို သုံးကြိမ်းဝှေ့ရမ်းကာ ရေနက်ပိုင်းအထိ
တအားလွှတ်ပစ်လိုက်ပါတယ်။
ထို့နောက် မျက်စီကို ဖွင့်ကြည့်လိုက်တဲ့အခါ
ပေါက်တူးနဲ့မျိုးထုပ် ဘယ်ကျသွားမှန်မသိလို့ အားရဝမ်းသာနဲ့ " အောင်ပြီ..
အောင်ပြီ.. လို့ ကြွေးကြော်လိုက်ပါသတဲ့။
ဤအခိုက်အတန့်မှာ ဗာရာဏသီမင်းကြီး နယ်စွန်နယ်ဖျား
သူခိုးဓားမြတို့ကို နှိမ်းနင်းအောင်မြင်လို့ ဂင်္ဂါမြစ်ကမ်မှာ တဲနန်းထိုး၍
ရေးချိုးအနားယူဖို့ ပြင်ဆင်နေခိုက် ဘုရားလောင်းရဲ့ အောင်ပြီး ကြွေးကြော်သံ
ကိုကြားရလို့ ထူဆန်းတာနဲ့ ဘုရားလောင်းဆီ အရောက်သွားကာ " ငါသည်..
ရန်သူတွေကို နှိမ့်နင်း
အောင်မြင်လာတာကိုတောင်မှ အောင်ပြီးဟု မကြွေးကြော် သင်သည်
အဘယ်ကြောင့် ကျယ်လောင်စွာ အောင်ပြီး..အောင်ပြီးဟု" ကြွေးကြော်ပါသလဲလို့"
မေးလိုက်ပါသတဲ့။
ဘုရားလောင်းက...
" အရှင်မင်းကြီးဟာ အပြင်ရန်ကိုသာ အောင်ခဲ့ပါ၏။
အပြင်ရန်ကို ခုလောလောဆယ် အောင်ခဲ့သော်လည်း နောက်တကြိမ် အောင်မယ်လို
သေချာပေါက် ပြောလို့မရပါ။ အကျွုန်ုပ်မှာကား... လိုချင်လောဘဆိုတဲ့ အတွင်းရန်ကို
အောင်မြင်ခြင်းဖြစ်၏ ။ ထိုလောဘတည်းဟူသော ခိုးသူကား နောက်ထပ်တဖန် ရန်မူမည်
မဟုတ်တော့ ဒါကြောင့် အတွင်းရန်ကို အောင်မြင်ခြင်းသည်ဟာ စစ်မှန်သော
အောင်မြင်ခြင်းဖြစ်ပါတယ်" ဟု ပြောကြားကာ ဂင်္ဂါမြစ်ကို ကြည့်၍ ရေကသိုဏ်ရှုကာ
ဈာန်သမာပတ်ဖြင့် ကောင်းကင်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပါသတဲ့။
ဗာရာဏသီမင်းကြီးလည်း ဘုရားလောင်း တရားစကားကို နှစ်သက်လို့
တိုင်းပြည်စွန့်ကာ သူရဲ့ မူးမတ်၊နောက်ပါ အခြွေအရံများနှင့် အတူ ရသေ့ ရဟန်း
ပြုတော်မူပါသတဲ့။
ဗာရာဏသီးပြည်အနီးမှာ ရှိတဲ့ မင်းများကလည်း စောစောပိုင်းက ဗာရာဏသီကို သိမ်းပိုက်ရန်လာကြရာ တိုင်းပြည်ရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို တွေ့ရ၍ အကြောင်းစုံကို မေးမြန်းရာ ဘုရားလောင်း ကုဒါသပဏ္ဍိတရသေ့နဲ့တွေ့ကြ၍ ခုနစ်ပြည်ထောင်သော မင်းများလည်း ရသေ့ရဟန်းပြုတော်မူကြပါတယ်။
ဘုရားလောင်းကတော့ သူပိုင်ဆိုင်တဲ့ ပေါက်တူးဟောင်းနဲ့
မျိုးစေ့ကို အပြီးအပိုင်စွန့်ကာ .. အောင်ပြီဟု ကြွေးကြော်ခဲ့ဖူးပြီး
ဓမ္မပဒ ၊ စိတ္တဟတ္ထမထေရ်၊ အတိတ်ဝတ္ထု
0 comments: