Saturday, March 24, 2018

ဝစီဘေဒ ထိတိုင်းရှ


နှုနာစွဲကပ်ခံရသော သမိတိဂုတ္တမ မထေရ်၏နှုတ်ကြမ်းဝဋ်ကြွေး
သမိတိဂုတ္တမ မထေရ်လောင်းသည် ၀ိပဿီဘုရားလက်ထက်တွင် အမျိုးကောင်းသားတစ်ဦး
ဖြစ်ခဲ့လေပြီး ဘုရားရှင်ကို ဖူးတွေ့ရသောအခါကြည်ညိုသဖြင့် မြတ်လေးပန်းများဖြင့် ပူဇော်ခဲ့သည်။
ထိုကုသိုလ်ကြောင့် ဖြစ်လေရာ ဘ၀တိုင်းဝယ် အမျိုး၊ အဆင်း၊ အခြံအရံတို့နှင့်ပြည့်စုံကာ သူမတူ
အောင်နေထိုင်ခဲ့ရသည်။
ထို့နောက် ဘ၀တစ်ခုတွင် နှုတ်သရမ်းသောအမျိုးသားဖြစ်ပြီး သင်္ကန်းခြုံ၍ဆွမ်းခံလှည့်လည်
လာသောပစ္စေကဗုဒ္ဓါတစ်ပါးကိုတွေ့မြင်လေလျှင်နှုတ်ကသရမ်းပြီးဤ ကတုံးရဟန်း နူနေပုံရသည်။ နူနေသည့်
အတွက် သင်္ကန်းကိုရုံကာ လှည့်လည်လာတာဖြစ်လိမ့်မည်ဟုစွပ်စွဲပြီး တံတွေးနဲ့ ထွီကနဲထွေးကာ
ထွက်ခွါသွားလေသည်။ ထိုအမျိုးသားသည် ထိုနှုတ်ထွက် ၀စီကံကြောင့် ငရဲ၌အချိန်ကြာမြင့်စွာ
ခံခဲ့ရသည်။
ကဿပ ဘုရားရှင်လက်ထက်တွင် လူလာဖြစ်ပြန်သည်။ အရွယ်ရောက်သော် ပရဗိုဇ်ရဟန်းပြု
ကာတစ်နေ့တွင် အကျင့်သီလနှင့်ပြည့်စုံသော ဥပါသကာတစ်ယောက်ကို စိတ်အလိုမကျဖြစ်ကာ
ဒေါသထွက်ပြီး လူနူဟူ၍ ဆဲရေးလေသည်။ ယခုဂေါတမ ဘုရားရှင်လက်ထက်တွင် သာဝတ္ထိ
မြို့၌ မထင်ရှားသော ပုဏ္ဏားတစ်ယောက်၏သားလာဖြစ်သည်။ မိဘတို့က သမိတိဂုတ္တအမည်ပေးခဲ့သည်။
သမိတိဂုတ္တသည် အရွယ်ရောက်လတ်သော်ဘုရားရှင်၏ တရားကို နာကြားရပြီး သဒ္ဓါတရား
ဖြစ်ကာရဟန်း ပြုလေသည်။ သီလကို အလွန်စင်ကြယ်အောင်စောင့်ထိန်းလေ့ရှိသည်။
အတိတ်ဘ၀ များစွာက ပစ္စေကဗုဒ္ဓါကို လူနူဟုစွပ်စွဲ ကဲ့ရဲ့မှု၊ သီလရှိသောဥပါသကာကို လူနူဟု
ဆဲရေးမှု အကုသိုလ် ၀စီနှုတ်ထွက်ကြောင့် နူနာရောဂါစွဲကပ်ခံရလေသည်။
နူနာရောဂါကြောင့် မထေရ်၏ကိုယ်မှအနာများကွဲပြတ်ကာ အရည်များယိုစီးကျသောကြောင့်
ဂီလာန အဆောင်တွင်နေရသည်။
တစ်နေ့တွင် ရှင်သာရိပုတ္တရာသည် လူနာလာမေးရင်း ငါ့ရှင် ခန္ဓာ ရှိနေသမျှ ကာလပတ်လုံး
ဝေဒနာရှိနေမည်သာဖြစ်သည်။ ခန္ဓာ မရှိမှသာဒုက္ခဝေဒနာမရှိမည်ဟု ဝေဒနာ နုပဿနာကမ္မ
ဋ္ဌာန်းကိုဟောတော်မူသည်။
သမိတိဂုတ္တမထေရ်သည် အရှင်သာရိပုတ္တရာ၏သြ၀ါဒကိုခံယူ၍ ၀ိပဿနာတရားအားထုတ်
ရာ မကြာခင် ဆဠာဘိညာ ရဟန္တာဖြစ်သွားရသည်။
ပါရမီရှင်ရဟန္တာပင်ဖြစ်စေကာမူ အတိတ်ဘ၀ကပြောဆိုမိခဲ့သော ၀စီနှုတ်ထွက်ကြမ်းစကား
သည် ယခုဘ၀တွင် ကံကြွင်းအဖြစ် လိုက်လံအကျိုးပေးသည်ကို သတိပြုကြပါ။
သမိတိဂုတ္တထေရဂါထာ။
တက္ကသိုလ်သျှင်သီရိ
ဓမ္မာစရိယ-ဘီအေ
တစ်စက္ကန့်ဒေါသစကား ပေးဆပ်ရသည်ကအလွန်များ စာအုပ်မှ ကူးယူဖော်ပြပါသည်
Previous Post
Next Post

About Author

0 comments: