Friday, March 30, 2018

ရဟန်းဘဝ တန်ဖိုး


ပုထုဇဉ်ရဟန်း လေးတပါး ကိုရင်လေး တစ်ပါးဆိုရင် တချို့သော သူများက အထင်သေး တတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံ ရှိသေးတာပဲ တရားမှ မဟောပြောနိုင် သေးတာ၊ ဘွဲ့ကြီးတွေမှ မရသေးတာပဲ ဆိုပြီး တန်ဖိုးမထား တတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး ရဟန်း တော်လေး ဘ၀ကနေပဲ သီလ သမာဓိ ပညာနဲ့ ပြည်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွား ရတာပါပဲ။

ဒီကိုရင် ရဟန်းလေးများ ဟာလည်း သာသနာ အဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့ အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ ဓမ္မအစစ် တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မ အမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ် ဆိုတာဟာ အများအကျိုးကို ဆောင် ရွက်နေခြင်းပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမားသလဲ ဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော် ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတာပန် သကဒါကမ် မပြောနဲ့ အနာဂါမ် ထိပဲဖြစ်နေပါစေ ဒီကိုရင်အသစ်ကလေး ရဟန်းအသစ်ကလေး တွေကို ရှိခိုးရ ပါတယ်။ သောတပန် အဆင့်ကိုတောင် မဖြစ်သေးတဲ့ သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ လူပုဂ္ဂိုလ် ဘ၀မှာဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကို ရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။

ဟန်ဆောင်ကင်းမှု၊ ပွင့်လင်းမှု၊ ရိုးသားမှု၊ လောဘ ဒေါသ မောဟ ကင်းမှု

ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ...
ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။
ဒီလိုအသွင်အပြင် ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက် သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော် မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေ ချင်တာဟာ ဒီလိုအသွင်အပြင် ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓ အလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့ သူက ရှိခိုးရပါတယ် တန်ဖိုးထားရ ပါတယ်ဆိုတာ သဘာဝ ကျပါတယ်။
ထိုပုထုဇဉ် ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်း ထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူ ဘုန်းပေးနိုင်ခြင်း)
မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေ ရင်သော်လည်းကောင်း၊ အစည်းအဝေး လုပ်နေရင်သော်လည်းကောင်း ပုထုဇဉ် ရဟန်းလေး ဖြစ်နေ ပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)

ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)
လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့် ထိန်းထားရခြင်း။
ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သ မုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေးအာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။
ရဟန်းတစ်ပါး၏တန်းဖိုး - သီတဂူဆရာတော်ဘုရားကြီး
ဒါက သီတဂူဆရာတော် ဘုရားကြီး တရားတော်ထဲက ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်း တို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။ ဆရာတော်ဘုရားကြီးကတော့ အချိန်ကို ငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။
အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။
အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ် ဆယ်အား သာချက်တွေ ကို ဖော်ပြ လိုက်ပါတယ်။
(1)တရားဘာဝနာ၌ မွေ့လျော်ခြင်း
(2) တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
(3)ဆွမ်းခံခြင်း
(4) ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
(5)စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
(6)ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
(7)အချမ်းအပူစသည်ကို သည်းခံခြင်း
(8) ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
(9) တစ်ပါးတည်း တရားကျင့်ခြင်း
(10)တစ်ပါးတည်း မွေ့လျော်ခြင်း
(11) တစ်ပါးတည်း ကိန်းအောင်းခြင်း
(12) မကောင်းမှုမှ ရှက်ခြင်း
(13) မကောင်းမှုကို ကြောက်ခြင်း
(14) ကောင်းမှုကို ပြုစုအားထုတ်ခြင်း
(15) ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း
(16) သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
(17)ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
(18) အဋ္ဌကထာကို သင်ယူခြင်း
(19) သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
(20) တပ်မက်မောမှု ကင်းလွတ်ခြင်း
စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)
ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာ ကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုးထား ရခြင်းဖြစ်ပါတယ်။
တရားတွင်မွေ့လျော်မှု၊ ကျင့်ကြံအားထုတ်မှု
လူပုဂ္ဂိုလ် အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာ အကျင့်မကျင့်သေးနိုင်တဲ့ သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ ဘယ်သူမဆို ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ် ဆိုတာ သိသာထင်ရှားသွားပါပြီ။
သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ…………
http://kyawswarsitthu.blogspot.com/2012/12/blog-post_7263.html မှ ကူးယူဖော်ပြပါသည်

ပါရမီ CorelDraw သင်ခန်းစာများ။ Canlendar

Thursday, March 29, 2018

ပစ္စည်းဥစ္စာ ဆိုသည်မှာ(အရှင်မောဂ္ဂလာန်လောင်းလျာ ဝတ္ထု)

,ရှေးရှေးတုန်းက အရှင်မဟာမောဂ္ဂလာန်းလောင်းဟာ ဗာရာဏသီပြည်မှာ ကုဋေလေးဆယ်ကြွယ်ဝတဲ့ ဣလ္လိဿ အမည်နဲ့ သူဌေတစ်ယောက်ဖြစ်ဖူးတယ်။

အဲဒီတုန်းက ဘုရားလောင်းက ဆံပင်ဖြတ်ညှပ်ပေးတဲ့ ဆေတ္တာတစ်ယောက်ဖြစ်ခဲ့တယ်။

အရှင်မဟာ မောဂ္ဂလာန်လောင်းက သူပိုင်ပစ္စည်းတွေကို အများနဲ့ ခွဲဝေသုံးစွဲတယ်။ အလှူမဏ္ဍပ်ဆောက်ကာ လှူဒါန်းလို့ သေသွားတဲ့အခါ တာဝတိံသာမှာ သကြားမင်းဖြစ်သတဲ့။

ဖခင်ကွယ်လွန်သွားတော့ သားလေးဣလ္လိဿတော့ ဖခင်ထားတဲ့ ပစ္စည်တွေ ကုန်မှာခန်းမှာ စိုးလို့ အလှူရက် မစားရက်နဲ့ ပစ္စည်းတွေကို တက်မက်ခါ မာန်တက်နေပါတဲ့။ သို့သော်လည်း သူနှစ်သက်တဲ့ အရက်ကို တော့ သောက်စားကာ မူးရူးနေပါတယ်။

ဖခင်ဖြစ်သူက တာတဝတိံသာနတ်ပြည်မှာ သကြားမင်းဖြစ်ရခြင်းအကြောင်းကို တွေးတော
မိရင်း လူပြည်က သူရဲ့ အလှူပေးမဏ္ဍပ်ကို ကြည့်လိုက်ရာ.. သားဖြစ်သူက အလှူပေးမဏ္ဍပ်ကို ဖျက်ဆီး၊ အလှူခံပုဂ္ဂိုလ်တွေကို ရိုက်ပုတ်ကို နှင်ထုတ်နေတာကို မြင်လိုက်ရပါတသတဲ့။

ဒီတော့ ဖခင်သကြားမင်းက..သူရဲ့သားကို ကံ၊ ကံ၏အကျိုးပြကာ ဆုံးမလိုလို့..သူ့သားဣလ္လိသနဲ့ တပုံစံတည်း တူအောင် လူယောင်ဖန်ဆင်းကာ လူပြည်ကို ဆင်းသက်လာပါတယ်။

ခြေခွင်း၊လက်ကောက်၊ မျက်စိ စွေစောက်စောက် သားဣလ္လိဿပုံစံနဲ့ သကြာမင်းက မင်းနန်းတော်ကိုဝင်ကာ ..." အရှင်မင်းကြီး အကျွုန်ုပ်ဟာ လူလောကကို ငြီးငွေ၍ ရသေ့ရဟန်း ပြုတော့ပါမယ် အကျွုန်ုပစ္စည်းများကို သိမ်းပိုက်၍ တောထွက်ခွင့်ပြုတော်မူပါလို့" ရိုကျိုးခယ တောင်းပန်သတဲ့။

မင်းကြီးတော့ သဘောရိုးနဲ့ " ငါမှာလည်း ပစ္စည်း ဥစ္စာများ ပေါများလွန်တယ်၊ အသင့်ပစ္စည်းများကို အလိုမရှိလို့" ဖြေတော့၊ သကြားမင်းက.. ဤပစ္စည်းတို့ကို အလှူကြီး လှူခွင့်ပြု ဟု ခွင့်တောင်းလို့ လှူခွင့်ပေးလိုက်သတဲ့။

သကြားမင်းလည်း မင်းကြီးကို ဦးချကာ ဣလ္လိဿအိမ်သို့သွားပြီး အိမ်ရှင်မနှင့် တိုင်ပင်ကာ ရှိသမျှပစ္စည်းမှန်သမျှ လှူဒါန်းလိုက်ပါတဲ့။ အိမ်ရှင်မလည်း တခါမှ ဒီလို သူရဲ့ ခင်ပွန်း သဒ္ဓါတရား ကောင်းတာ မတွေ့ဘူး ၊မမြင်ဘူးလို့ အံသြနေပါသတဲ့။

အိမ်ရှင်ဇနီးခွင့်ပြုချက်အတူ ရပ်ရွာမှာ မောင်းကြေးနင်ခတ်လို့ အပြတ်လှူဒါန်းနေပါတယ်။

သားလူဆိုးကတော့ အရက်သောက်ကာ မူယစ်နေလို့ ဘာဆို ဘာမှလုံးဝမသိရှာပါဘူး။

ရွာသားတစ်ယောက်က ဣလ္လိဿရဲ့ နွားလှည်းကိုယူ ရတနာတွေ အပြည့်တင်ကာ ယူသွားပါတယ်။ ထို့နောက် ရွာသား သွားလာလမ်းခရီမှာ သေသောက်ကြူးအရက်သမား ဣလ္လိသနဲ့ တွေလို့ .. အလှူဒါန အဝဝကို
ကျေးဇူးတင်ကြောင်းပြောတော့ အရက်မူးပြီး မခံမရပ်နိုင်ဖြစ်ကာ "ငါပစ္စည်းများကို ငါမပေးဘဲ ဘာလို့ယူတာလဲ" ဟုအော်ဟစ် မြည်တမ်းကာ လှည်းနွားတိုကို အတင်းလိုက်လုယူပါတဲ့ ။

အခင်းဖြစ်ပွားကာ ရွာသားက ရိုက်နှက်ပုတ်ခက်လို့ မြေသို့လဲကျကာ အမူးပြေသွားပါတယ်။ ထို့နောက် အခြားသော ပစ္စည်းများကိုလည်း ရွာသူရွားသားဆီးမှ လိုက်လုရာ ရိုက်နှင်းခြင်းသာ ခံရ၍ နောက်ဆုံး တရားရင်ဆိုင်ရန် မင်းကြီးထံကို လျှောက်ထားတိုင်တမ်းပါတယ်။


" အရှင် မင်းကြီး အကျွုန်ုပ်ဟာ နှမြောတွန့်တိုသူဆိုတာ မင်းကြီးသိပါတယ်။ တပည့်တော်အား မနာလိုသူ တစ်ယောက်ယောက်က အကျွုန်ုပ်ဟန်ဆောင်ကာ ပေးကမ်းလှူဒါန်းနေခြင်း ဖြစ်ပါတယ် ထိုသူအား နန်းတွင်းသို့ ခေါ်ယူ စစ်ဆေးတော်မူပါလို့ လျှောက်ထားတော့ မင်းကြီးလည်း လှူဒါန်းနေသူ သကြာမင်းကို ခေါ်လိုက်ပါတယ်။

ခွဲခြားမရသော ဣလ္လိဿနှစ်ယောက်

နှစ်ယောက်အတူ ယှဉ်ပြိုင်တွေ့တော့ မင်းနှင့်မူးမတ်တို့ ဘယ်ဟာ ဣလ္လိဿဆိုတာ မခွဲခြားတတ်ဘူတဲ့
ရှင်မဟာမောဂ္ဂလာန်လောင်းကတော့ မင်းနှင့်မူမတ်နားကို ကပ်နေ၍ သားဣလ္လိဿပဲ တစ်ဦးတည်း ကိုးကွယ်ရာမဲ့ဖြစ်နေပါတယ်။

ထို့နောက် အရက်သမားက အကြံရ၍ မင်းကြီးအား " အကျွှုန်ုသာ ဣလ္လိဿအစစ်ဖြစ်ပါတယ်။ ကျွန်ုပ်ခေါင်းမှာ ထူးခြားတဲ့ မှဲ့တစ်လုံးရှိပါတယ်။ ဤအချက်ကို အကျွုန်ုပ်အား
ခေါင်းရိတ်ပေး နေတဲ့ ခေါင်းရိတ်သမား
ဆတ္တာသည် တစ်ယောက်ပဲ သိပါတယ်။ သူအား ခေါ်၍ အစစ် ၊ အတု ခွဲခြားတော် မူပါလို့ လျှောက်ထားသတဲ့။

ဆတ္တာသည်က ခေါင်းကို စမ်းကာ ခွဲခြားပါသော်လည်း နှစ်ယောက်လုံးမှာ မှဲ့ပါနေ၍ အစစ်၊အတု မခွဲခြားနိုင်ကြောင်း မင်းကြီးကို လျှောက်ထားပါတယ်။ဒီတော့ သားဖြစ်သူကိုယ်ကွယ်ရာမရ ဆောက်တည်ရာမရ
ပျက်စီးဆုံးရူံးရမည်ကို ကြောက်လန့်ကာ မင်းရင်ပြင်မှာ မေ့မြောသွားပါတယ်။

သကြားမင်းက ရှင်းလင်းပြ

ထို့နောက် သကြားမင်းက ကိုယ်ထင်ပြလို့ သားတော်မောင်းကို ရွှေစင်ပျက်ဖန်းကာ သတိရစေ၍ ဤအရက်သမားသာလျှင် ဣလ္လိဿ အစစ်ဖြစ်ကြောင်းနဲ့ သူဟာ ဣလ္လိဿယောင် ဖန်းဆင်းတဲ့ သကြားမင်းဖြစ်ကြောင်းပြောပါတယ်။

သူဒီလို သကြားမင်းဖြစ်ရခြင်းကလည်း လူဘဝတုန်းက အလှူဒါန ပြုလုပ်ခဲ့လို့ဖြစ်ပြီး ။ သူ့သား မလှူရက် မတန်းရက် ဖြစ်နေကိုဆုံးမ လိုလို့ ယခုလို ဖန်းတီးရတာ
ဖြစ်ကြောင်းပြောဆို ဆုံးမပါတယ်။ သူသားကိုလည်း ပကတိမူလအတိုင်း အလှူမဏ္ဍပ် ပြန်ဆောက်ဖို့နဲ့ အလှူဒါနများ ပြန်လုပ်ဖို့ တိုက်တွန်းပြီး အကယ်၍ မလုပ်ဘူးဆိုက ပစ္စည်းဥစ္စာများ ပျောက်ကွယ်သွားပြီး ဝရဇိန်လက်နက်ဖြင့် ခေါင်းခွဲခြင်းကို ခံရမယ်လို့ ခြိမ်းခြောက် ပါသတဲ့။

အရက်သမားဣလ္လိဿလည်း သတိသံဝေရကာ ဒါန၊သီလများ ပြုလုပ်၍ စုတေတဲ့အခါ နတ်ပြည် သို့ရောက်ရပါတယ်။

လောကဝိဒူဂုဏ်တော်

လောကဝိဒူ

လောကသုံးပါး
သတ္တလောက= သက်ရှိသတ္တဝါအပေါင်း။
သြကာသလောက = သတ္တဝါတို့ တည်နေရာဘုံဌာန။
သင်္ခါရလောက = ရုပ်၊နာမ်တရားအားလုံး။


သတ္တလောကကို သိတော်မူပုံ

ယနေခေတ်မှီဖွင့်ဖြိုးတိုးတက်သောခေတ်ကြီး၌ သိပ္ပံပညာရှင်များ နေအကြောင်း၊လကြောင်း ၊ စကြာဝဠာကမ္ဘာကြီးအကြောင်းကို ခေတ်မှိနည်းပညာအထောက်အကူဖြင့် တော်တော်များများ သိမြင်နေကြပါပြီ။ လူ၊သတ္တဝါတို့၏ မျိုးရိုးဗီဇ၊ မျိုးပြန့်ပွားမှု၊စသော သတ္တဝါတို့၏ ဖြစ်တည်မှုကိုလည်း သပ္ပံပညာအထောက်အကူဖြင့်သိကြပါပြီ။ သို့သော် တိတိကျကျတော့မဟုတ် အချိန်အခါအားလျှော်စွာ ပြောင်းလဲမှုမျိုးကား၊ ကွဲပြားခြားနာမှုမျိုးကား ရှိနေသေးပြန်ပါတယ်။

ဘုရားရှင်တို့ကား ထိုသိမှုမျိုးထက်သာလွန်၍ “ ဤသူသည် စရိုက်အမျိုးမျိုးတွင် မည်သည့် စရိုက် လွန်ကဲနေတယ်” ဟု လူပုဂ္ဂိုလ်တို့၏ အတွင်းစရိုက်အထိ သိပါတယ်၊ သဒ္ဓါစသော ဣနေန္ဒြငါးမျိုးတွင် မည်သည့် ဣနြေ္ဒက ထက်သန်နေသည်ကို လည်းကောင်း သိတော်မူပါတယ်။

လူပုဂ္ဂိုလ်တို့၏ အတွင်းဓာတ်ခံ စရိုက်ကို သိရေးမှာ ဘုရားရှင်များအရာသာဖြစ်ပါတယ်။
တစ်ခါက ပညာအရာ ထူးချွန်သော အရှင်သာရိပုတ္တရာမထေရ်သည်ပင် စရိုက်နှင့်ပတ်သတ်၍ တရားပေးလွဲဖူးပါတယ်။

မထေရ်မြတ်ကား တပည့် ရဟန်းငယ်တစ်ပါးကို “ ငယ်ရွယ်သူတို့မှာ ရာဂအဖြစ်များတတ်၏ ဟု တွေးကာ အသုဘကမ္မဋ္ဌာန်း ပေးခဲ့ရာ တပည့်ရဟန်းမှာ နိမိတ်မျှပင်မထင် ခရီးမရောက်ဖြစ်ဖူးပါတယ်။ ထိုရဟန်းငယ်ကို ဘုရားရှင်ထံခေါ်သွားပြီး အကြောင်းစုံကို လျှောက်ထားရာ ထိုရဟန်း၏ ဓာတ်ခံကို ဘုရားရှင် ဆင်ခြင်တော်မူသောအခါ အလှအပ ကြိုက် တတ်သော သဘောကို တွေ့ရ၍ အသုဘနှင် မလျှော်သည်ကိုတွေ့ရပါတယ်။

ဘုရားရှင်က ဆက်လက်ဆင်ခြင် လိုက်သောအခါ ဘဝ ငါးရာတိုင်တိုင်
ရွှေပန်းတိမ်သည် ဖြစ်ခဲ့သည်ကို မြင်ရပြန်ပါတယ်။ ထိုရဟန်းလေးဓာတ်ခံနှင့်ကိုက်ညီမယ့်
ရွှေပဒုမ္မာကြာပန်းကြီး ဖန်ဆင်းပေပြီး လောဟိတကမ္မဋ္ဌာန်း စိးဖြန်းစေသောအခါ မကြာမီမှာပဲ စတုတ္ထဈာန်ကို ရခဲ့ပါတယ်။ ထို့နောက် ပဒုမ္မာကြာပန်း ညှိုးနွမ်း ရိယော်ပုံကို ဖန်းဆင်းပြသောအခါ အနိစ္စစသော သဘောပေါက်ကာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

ဘုရားရှင်၏ သတ္တဝါတို့ရဲ့ ဝါသနာစရိုက်ကို အခြေခံကျကျသိတော်မူခြင်းဟာ မြတ်စွားဘုရားရဲ့ ကြည်ညိုဖွယ်ရာ လောကဝိဒူဂုဏ်တော်ပင်ဖြစ်ပါတယ်။
သြကာသလောကကို သိတော်မူပုံ

ခုခေတ်သိပ္ပံပညာရှင်များကား ကမ္ဘာမြေကြီးနှင့် အလားသဏ္ဍန်တူသော အင်္ဂါဂြိုဟ်စသော လူတို့နေနိုင်သော ဂြိုဟ်များကို ရှာဖွေတွေရှိပြီးဟုဆိုကြ၏။ တချို့လည်း ငွေကြေးအကုန်အကျခံကာ အာကာသစခန်းသို့ သွားရောက်လေ့လာသူများလည်း ရှိကြ၏။ သို့သော် ယနေ့သိပ္ပံရှင်များ သိသော အသိကား အကန့်အသတ်ရှိ၏ ။

ဘုရားရှင်တို့၏ သြကာသလောကကိုသိပုံကား သိပ္ပံပညာအထောက်အကူဖြင့် လိုက်ကြည့်နေစရာမလို ၊ တစ်ထိုင်းတည်းဖြင့် သြကာလောကတစ်ခုလုံးကို သိတော်မူ၏။
စားပေးကျမ်းဂန်အရ.. ယခု လူတို့နေထိုင်သော နေရာကား ၊ တောင်ကျွန်းဖြစ်၏။ လူများ မရောက်၊မမြင်နိုင်သော အနောက်ကျွန်း၊ အရှေ့ကျွန်း၊မြောက်ကျွန်းများ
လည်းရှိသေးပြန်ပါတယ်။

ကျွန်းကြီးလေးကျွန်းအလယ်၌ မြင့်မိုရ်တောင်ကြီးနှင့် တောင်ရံခုနှစ်လုံးရှိပါတယ်။ မြင့်မိုရ်တောင်ကို ပတ်ဝိုင်းလျှက်သိဒါသမုဒ္ဒါရှိပြန်ပါတယ်။ ကျွန်းကြီးလေးကျွန်တည်ရာ ကမ္ဘာကိုပတ်လျှက် စကြာဝဠာတောင်းကြီးများလည်း ကားဆီးလျှက်ရှိပြန်ပါတယ်။ မြင့်မိုရ်တောင်ထိပ်၌ တာဝတိံသာနတ်ပြည်ရှိ၍ ၊ ယုဂန္ဓိုလ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ဘုံ ရှိပြန်ပါတယ်။ တာဝတိံသာမှအထက်မှာ ယာမာစသော နတ်ပြည်လေးဘုံ အဆင့်ဆင်တည်ရှိပြီး
ဗြဟဟ္မာ့ဘုံ နှစ်ဆယ်လည်း တည်ရှိပါတယ်။

မြေအောက်၌ကား ငရဲရှစ်ထပ်၊ ပြိတ္တာ၊တိရစ္ဆာန် အသုရကာယ်တို့ကား ဘုံးသီးခြားမရှိကြ။ လူဘုံး၌သာနေကြရပါတယ်။ဤသုံးဆယ့်တစ်ပုံတည်ရာ ကမ္ဘာလောကကို စကြာဝဠာဟုခေါ်ပါတယ်။
ဤကမ္ဘာတွင်ကား ဆက်လျှက် စကြာဝဠာများက မရေတွက်နိုင်အောင် များပြလှပါတယ်။
သို့သော် ဘုရားရှင်တို့ကာ မရေတွက်နိုင်သော စကြာဝဠာကို သွားရောက်ကြည့်ရှုစရာမလိုပဲ ဥာဏ်တော်ဖြင့် သိမြင်တော်မူပါတယ်။
သင်္ခါရလောကကို သိတော်မူပုံ

သတ္တ၊ဩကာသ တို့ကာ အမည်ပညတ်မျှသာ ၊ တကယ်ထင်းခြားရှိသည်ကားမဟုတ် ၊ တကယ်ထင်ရှားရှိသော ပရမတ် ဓာတ်သားများအပေါ်ကို ခေါ်ဝေါ်သမုတ်
ထားခြင်းမျှသာဖြစ်ပါတယ်။ ရုပ်ကလာပ်၊နာမ်ကလာပ်အဖွဲ့ စည်းပေါင်း ကုဋေများစွာ ပေါင်းစပ်နေသောအရာကို ဩကာသလောက ( ဘုံ) ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

သတ္တလောက၊ ဩကာသလောကိုသိသည်ဆိုသော တန်ခိုးကြီးပုဂ္ဂိုလ်များပင် သင်္ခါရလောကို သိရန်ကား မစွမ်းနိုင်ပါ။ သာသနာ၌တရားဘာဝနာပွားများသော ယောဂီများကာ ဝိပဿနာဥာဏ်ဖြင့် ရုပ်၊နာမ်တို့၏ အဖြစ်၊အပျက်ကိုကား မြင်နိုင်ပါတယ်။ သို့သော် မလွတ်းတမ်းတစ်ခုစီး မြင်ရခြင်းမဟုတ်၊ ထင်ရှားဖြစ်ပေါ်လာရာ ရုပ်၊နာမ်းများကိုသာ သိမြင်ခြင်းဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ ဘုရားရှင်များပင် ရုပ်နာမ်တို့၏ တစ်စိတ် တစ်ဒေသကို သိတော်မူပါတယ်။ ထိုအရှင်တို့ကား ကိုယ့်သန္တာန်ရှိ တရားစုကိုသာ သိတန်သလောက် သိကြ၍ သူတစ်ပါးသန္တာန်ရှိ ရုပ်နာမ်၊ပြင်ပ တော၊တောင်၊ရေ၊မြေ စသောရုပ်တို့ကိုကား မသိနိုင်ကြပါ။

ဘုရားရှင်ကား တခုစီ အလွန်လျင်မြန်စွာဖြစ်ပျက်နေသော ရုပ်၊နာမ်တရားတို့ကိုလည်း ခွဲခွဲခြားခြား သိမြင်ပါတယ်။ ကလာပ်စည်းတစ်ခုစီက ရုပ်များကိုလည်း ခွဲခြားသိနိုင်ပါတယ်။ အကြောင်းအမျိးမျိုး သတ္တိအဖုံဖုံကိုလည်း ခွဲခြားသိပါတယ်။ မိမိသူတပါး၊ အတွင်း၊အပြင်၊သက်ရှိ/သက်မဲ့မရွေး အားလုံးသော လောကဓာတ် အမျိုးမျိုးကို ခွဲခြားဝေဖန်ကာ သိတော်မူပါတယ်။

အဘိဓမ္မာဒေသနာတော်ကြီးကား မြတ်စွာဘုရား၏ အတုမရှိသော ဓာတုဗေဒဆရာမြတ်အဖြစ်ကို
ပြတော်မူပါတယ်။

ထို့ကြောင့်မြတ်စွာဘုရားအား လောကအားလုံးကိုသိတောမူသော “လောကဝိဒူ” ဂုဏ်တော်နှင့် အားရလေးစား စွား ကြည်ညိုပူဇော်ရမည်ဖြစ်ပါတယ်။

ကျမ်းညွှန်း
ဓမ္မပဒ၊ သုဝဏ္ဏကာရတ္ထေရဝတ္ထု သပြေကန်ပရိတ်ကြီးနိဿယ

ပါရမီ CorelDraw သင်ခန်းစာများ။ Football