Wednesday, February 28, 2018

သေရမည့်ဘေး တွေးမြင်စေ





အရှင် ။ ။ ဘ၀ခန္ဓာတစ်ခု ရလာပြီဆိုရင် ဘယ်သူဘယ်လောက်ပဲ ကျန်းမာပါတယ်၊ ချမ်းသာပါတယ်၊ အသက်ရှည်ပါတယ် ဆိုဆို နောက်ဆုံးတော့ သေကြရတာပဲ။ အဲဒီလို သေတာကို မရဏမီးလောင်တယ်လို့ ခေါ်တယ်။
ပရိသတ်။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ရပ်ကွက်ထဲမှာ အိမ်တွေ မီးလောင်တဲ့အခါကျတော့ အဖိုး တန် ရတနာထုပ်တွေကို ထုတ်ယူနိုင်လိုက်သူတွေ သာမန် စားပွဲကုလားထိုင်တွေကို ထုတ်ယူနိုင်လိုက်သူတွေ ဘာမှ မယူနိုင်လိုက်သူတွေဆိုပြီး အမျိုးစုံ မရှိပေဘူးလား။
ပရိသတ်။ ။ ရှိပါတယ် ဘုရား။
အရှင် ။ ။ အိမ်မီးလောင်ခံရသူချင်းအတူတူမှာ အဖိုးတန်ရတနာပစ္စည်း တွေကို ထုတ်ယူနိုင်လိုက်သူတွေက အိမ်ကောင်းကောင်း ပြန်တည်ဆောက်နိုင်ခွင့်ရှိကြသော်လည်း အဖိုးနည်းပစ္စည်း တွေကိုသာ ရယူနိုင်လိုက်သူတွေ ဘာတစ်ခုကိုမှ မရယူ လိုက်နိုင်သူတွေခမျာမှာတော့ အိမ်ကောင်းကောင်း ပြန် ဆောက်နိုင်ဖို့ဆိုတာ လွယ်ပါ့မလား။
ပရိသတ်။ ။ မလွယ်ပါဘူး ဘုရား။
အရှင် ။ ။ ခုလည်း ဆုံးတဲ့လူကဆုံးသွားပြီဆိုတာ မရဏမီးလောင်ခံ လိုက်ရတာပဲ။ ဦးဇင်းတို့ ဒကာဒကာမတို့သည်လည်း အချိန် မရွေး နေရာမရွေး သေချာပေါက် မရဏမီးလောင်ခံရ မယ့်ခန္ဓာကြီးကို ရထားကြတာဖြစ်လေတော့ မီးလောင်မခံ
ရခင်မှာ အဖိုးတန် ဒါန သီလ ဘာဝနာ ဥစ္စာထုပ်တွေကို
ရနိုင်သလောက် အပါယူနိုင်အောင် ကြိုးစားကြရမယ်ဆိုတဲ့ စိတ်ကလေး မမွေးသင့်ကြပေဘူးလား။
ပရိသတ်။ ။ မွေးသင့်ကြပါတယ် ဘုရား။
အရှင် ။ ။ အဲသလို မရဏမီးလောင်ခံရမယ့် ခန္ဓာအိမ်ကြီးထဲက အဖိုး တန်ပစ္စည်းတွေကို ဆွဲထုတ်ယူထားနိုင်ကြမယ်ဆိုရင် (ဘယ် တော့မှ မီးမလောင်တဲ့နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ကြသေး
ရင်တောင်မှ) ဘ၀ခန္ဓာ အသစ်တစ်ခုခုကို ကောင်းကောင်း မွန်မွန် ပြန်လည်တည်ဆောက်နိုင်စရာအကြောင်း မရှိပေ ဘူးလား။
ပရိသတ်။ ။ ရှိပါတယ် ဘုရား။
အရှင် ။ ။ တော်စွလျော်စွ ပစ္စည်းပစ္စယတွေကို လူမြင်ကောင်းရုံမျှ ဆွဲထုတ်ယူလိုက်သူတွေ၊ မေ့လျော့ပေါ့ဆပြီး ဘာမှ မရယူ လိုက်နိုင်သူတွေကြတော့ ဘ၀ခန္ဓာအသစ်တစ်ခုခုကို ကောင်း ကောင်းမွန်မွန် ပြန်ပြီးတည်ဆောက်နိုင်ပါ့မလား။
ပရိသတ်။ ။ မတည်ဆောက်နိုင်ပါဘူး ဘုရား။
အရှင် ။ ။ မီးလောင်ခံရဦးမယ့် ဘ၀ခန္ဓာကြီးတွေကို စွန့်လွှတ်ပြီး ဘယ်တော့မှမီးမလောင်တဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားသွားနိုင်ကြရင်တော့ဖြင့် အကောင်းဆုံးပေါ့။
ပရိသတ်။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ကဲ ...၊ အဲသလို အသိသတိလေးတွေ ကိုယ်စီရှိကြပါ သဖြင့် သေချာပေါက် မရဏမီးလောင်ခံကြရမယ့် ဒီဘဝ
ဒီခန္ဓာအိမ်ကြီးထဲကနေ ဒါန သီလ ဘာဝနာ အဖိုးတန်
ရတနာတွေကို တော်စွလျော်စွမဟုတ်ဘဲ ကျကျနန ထုပ်ပိုး
ယူငင်နိုင်ကြပါစေ။ မီးဘေးကင်းရာနိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်အထိ ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေ သတည်း။
ပရိသတ်။ ။ သာဓု သာဓု သာဓု ပါဘုရား။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၃၁/၀၃/၂၀၁၄
Previous Post
Next Post

About Author

0 comments: