Wednesday, February 28, 2018

လှေစီးရင်း ခဲပစ်၊ ကုသိုလ်ခဲသာ ဖြစ်ပါစေ



အရှင်        ။ ကန်ရေပြင်မှာ လှိုင်းကလေးတွေ ထနေတာကို မြင်ဖူးကြပါ
        လိမ့်မယ်။ ဦးဇင်းတို့တွေ သူသူကိုယ်ကိုယ် နေ့စဉ်ပြုနေကြတဲ့ ကံ
        တရားတွေဆိုတာဟာလည်း လောကကန်ရေပြင်ပေါ်က လှိုင်း
        ဂယက်လေးတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒီနေ့ အဲဒီ ကံလှိုင်း
        တွေ အဆင့်ဆင့်ရိုက်ခတ်နေကြပုံတွေကို နားလည်အောင် ပြောပြမယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ကန်ရေပြင်ထဲကို ခဲတစ်လုံး ပစ်ချလိုက်ပြီဆိုရင် ခဲလုံးကျရာနေရာ ကို ဗဟိုပြုပြီး ရေလှိုင်းကလေးတစ်ခု စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီလှိုင်းဟာ စတင်ဖြစ်ပေါ်လာပြီဆိုရင် အဲဒီနေရာမှာတင် ငြိမ်း သွားတာမျိုးမဟုတ်ဘဲ နီးစပ်ရာရေပြင်ကို အဆင့်ဆင့် ရိုက်ခတ် ပြီးမှ ဆင့်ကဲဆင့်ကဲသော လှိုင်းဂယက်တွေကို ဖြစ်ပေါ်စေပြီး ငြိမ်း သွားတတ်ပါတယ်။ အဲသလိုပါပဲ ဦးဇင်းတို့တွေ နေစဉ်ပြုနေကြ တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတရားတွေဆိုတာ လောကကန် ရေ ပြင်ထဲကိုနေစဉ်ပစ်ချနေကြတဲ့ (လောကကန်ရေပြင်ကို ဂယက် ထစေတဲ့) ခဲလုံးတွေနဲ့ အလားသဏ္ဍာန် တူပါတယ်။

ခဲလုံးအကြီးအသေးအလိုက်၊ ကန်ရေပြင်အတိမ်အနက် အလိုက်၊ ပစ်ချလိုက်တဲ့ အားအရှိန် အကြီးအသေး အလိုက်လှိုင်းဂယက်အကြီးအသေးတွေကို ဖြစ်ပေါ်စေ နိုင်ကြပါတယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ နားလည်အောင် ပြောရရင်၊ ဥပမာမယ် ... ဦးဇင်းက တစ်စုံတစ်ယောက်ရဲ့အသက်ကို သတ်လိုက်တယ်ဆို
ရင် ဒါဟာ လောကကန်ရေပြင်ထဲကို အကုသိုလ်ခဲလုံး တစ်လုံး ပစ်ချလိုက်တာပါပဲ။ လှိုင်းဂယက်ရိုက်ခတ်မှု ပုံစံအဆင့်ဆင့်အနေနဲ့ ဦးဇင်းကို သတ်မယ့်သူ ပေါ် လာမယ်၊ အဲဒီလူကို သတ်မယ့်သူ ပေါ်လာမယ်၊ တစ်ခါ အဲဒီလူကိုသတ်မယ့်သူ ပေါ်လာဦးမယ် ... စသည်ဖြင့် ကိုယ့်ကြောင့် အဆင့်ဆင့်သော သတ်ဖြတ်မှု အကုသိုလ် လှိုင်းဂယက်ကြီးတစ်ခု လောကမှာ ဖြစ်ပေါ်သွားတယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ လှိုင်းဂယက်ဆိုတာ သူ့အားအရှိန် ကုန်သွားရင် (သို့ မဟုတ်) ရှေ့မှာ ရိုက်ခတ်စရာ ရေပြင်မရှိတော့ရင် (သို့ မဟုတ်) ကန်ဘောင်ရိုးကို ရောက်သွားရင် အနားသတ် သွားရသလို၊ နောက်ဆုံးပိတ်တစ်ယောက်ဟာ (သူ့ကို သတ်မယ့်သူ ပေါ်လာတာမျိုး မဟုတ်ဘဲ) သူ့ဘာသာ မြေပြို၍သော်လည်းကောင်း၊ ရေနစ်၍သော်လည်း ကောင်း သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့်၊ သေပြီ ဆိုတဲ့အခါကျမှ ဦးဇင်းက စတင်လိုက်တဲ့ သတ်ဖြတ်မှု အကုသိုလ် လှိုင်းဂယက်ကြီးဟာ အနားသတ်ချုပ်ငြိမ်း သွားရတယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ကုသိုလ်လှိုင်းဂယက်အနေနဲ့ ပြောရရင်၊ ဥပမာမယ် ..
ဦးဇင်းက တစ်စုံတစ်ယောက်ကို သင်္ကန်းစတဲ့ လှူဖွယ်
ဝတ္ထုတစ်ခုခုကို ပေးကမ်းလှူဒါန်းလိုက်တယ် ဆိုရင်၊ ကံလှိုင်းရိုက်ခတ်မှုအနေနဲ့ ဦးဇင်းကို ပေးကမ်းလှူဒါန်း မယ့်သူ ပေါ်လာမယ်၊ အဲဒီလူကို လှူဒါန်းထောက်ပံ့မယ့်

သူပေါ်လာမယ်၊ တစ်ခါ အဲဒီလူကို ပေးကမ်းမယ့်သူ ပေါ် လာဦးမယ်၊ နောက်ဆုံးပိတ်တစ်ယောက်ဟာ (သူများတွေ ဆီက ပေးကမ်းခံရတာမျိုး မဟုတ်ဘဲ) သူ့ဘာသာ မြေမြှုပ် ဥစ္စာရတာမျိုး၊ ထီပေါက်တာမျိုး ကြုံရပြီဆိုတဲ့ အခါကျမှ ဦးဇင်းကစတင်လိုက်တဲ့ ပေးကမ်းလှူဒါန်းမှုကုသိုလ်လှိုင်း
ဂယက်ကြီးဟာ အနားသတ် ချုပ်ငြိမ်းသွားရတော့တယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဒါကြောင့်၊ အဲဒီ ကံလှိုင်းရိုက်ခတ်မှုဟာ ဒီနေ့ အတော် များများ ကြားဖူးနေကြတဲ့ 'ပြုသူအသစ်၊ဖြစ်သူအဟောင်း' ဆိုတဲ့စကားနဲ့ ညီညွတ်တယ်လို့ ဆိုနိုင်တယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဒီတော့ ပြောလိုတာက၊ ဒီသဘောတရားတွေကို နား လည်သွားကြပြီဆိုရင် ကိုယ့်ကြောင့် လောကကန်ရေပြင် မှာ အကုသိုလ်လှိုင်းဂယက်တွေ မထပါစေနဲ့၊ သူများတွေ ကြောင့် ထနေတဲ့ အကုသိုလ်လှိုင်းဂယက်တွေ ကြားမှာ လည်း ရောယောင်စီးမျော နစ်မြုပ် မသွားကြပါစေနဲ့။ အသိပညာရှိတဲ့ လှေသမားဟာ လှိုင်းဂယက်ကြမ်းတွေ ကို ဘယ်လိုဖြစ်ကျော်ရမယ်ဆိုတာကို သိသလို၊ ကံတရား တွေရဲ့ရိုက်ခတ်တတ်မှုသဘောကို နားလည်ထားသူတွေ ဟာလည်း သူတပါးတွေရဲ့ အကုသိုလ်လှိုင်းဂယက်တွေ ကို သိရှိနားလည် ကျော်လွှားသွားနိုင်အောင် ကြိုးစားကြ
ရပါမယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ လှိုင်းဂယက်တွေ ထစေချင်သပဆိုရင်လည်း ကုသိုလ် လှိုင်းဂယက်လေးတွေကိုသာ ထကြပါစေ။ အသိပညာရှိတဲ့ လှေသမားဟာ လှိုင်းဂယက်တွေရဲ့အားကိုယူပြီး ကမ်းကို ရောက်အောင် လှော်ခတ်နိုင်စွမ်းရှိသလို ကံတရားတွေရဲ့
ရိုက်ခတ်တတ်မှုသဘောကို နားလည်ထားသူတွေဟာ လည်း သူတပါးရဲ့ကုသိုလ်လှိုင်းဂယက်တွေကြားမှာ သတိ ပညာနဲ့ အလိုက်သင့်စီးမျောနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ နောက်ဆုံးပိတ် ထပ်ပြီး ပြောချင်တာက လောကကန် ရေပြင်မှာ ကိုယ့်ကြောင့် အကုသိုလ်လှိုင်းဂယက်တွေ မထ ကြပါစေနဲ့။ ထစေချင်သပဆိုရင်လည်း ကုသိုလ်လှိုင်း
ဂယက်တွေကိုသာ ထကြပါစေ။ လောကကန်ရေပြင်ထဲ ကို အကုသိုလ်ခဲလုံးတွေမပစ်ချကြပါနဲ့၊ ပစ်ချချင်သပ ဆိုရင် ကုသိုလ်ခဲလုံးတွေကိုသာ ပစ်ချကြပါလေ။ နောက် ဆုံးတော့လည်း ကုသိုလ်-အကုသိုလ် ဘာခဲလုံးမှ မကျ ရောက်ရာ နိဗ္ဗာန်သောင်ကမ်းသည်သာလျှင် အကောင်း ဆုံးပဲဆိုတာကိုသိရှိနားလည်ပြီး လောကကန်ရေပြင်ကို ကျော်လွှားလွန်မြောက်အောင် ကြိုးစားအားထုတ်နိုင်ကြ ပါစေ။ ကဲ ... ဒီနေ့တော့ ဒီလောက်ပါပဲ။
ပရိသတ် ။ ။ သာဓု သာဓု သာဓု ပါဘုရား။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၉/၀၄/၂၀၁၄

Previous Post
Next Post

About Author

0 comments: