Monday, February 26, 2018

သာသနာ့အမွေခံယူရာဝယ်..


အဓိကနဲ့ သာမန်ကဏ္ဍကို  ခွဲခြားနားလည်နိုင်ကြပါစေ


အရှင်        ။ ဦးဇင်းတို့ သီရိလင်္ကာမှာ သုံးနှစ်နီးပါးနေလာခဲ့တဲ့အထိ ရဟန်းခံ
        ရှင်ပြုပွဲဆိုတာ တစ်ပွဲမှ မကြုံခဲ့ရဖူးပါဘူး။ သူငယ်ချင်းတခိျု့က
        တော့ ရှားရှားပါးပါးကြုံဖူးကြတယ်လို့ ဆိုတာပေါ့။ ဦးဇင်းကိုယ်
        တိုင်ကတော့ သုံးလတိုင်တိုင် ပိတ်ဖြူဝတ်၊ ရှစ်ပါးသီလဆောက်
        တည်ပြီး ဆရာဘုန်းတော်ကြီးရဲ့ 'ရှင်ပြုနိုင်ပြီ' ဆိုတဲ့ ခွင့်ပြုမိန့်ကို
        စောင့်နေရတဲ့ အသက်(၂၅)နှစ်အရွယ် မောင်ရင်လောင်းတစ်ဦး
        ကိုပဲ တွေ့ခဲ့ရဖူးတယ်။ ဆိုတော့ သူတို့ဆီမှာ မိဘတွေ အနေနဲ့
        ကလည်း သာသနာ့ဒါယဇ္ဇ သာသနာ့အမွေခံကုသိုလ်ထူးကို လွယ်
လွယ်နဲ့ မရနိုင်ကြဘူးပေါ့။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင်        ။ ဦးဇင်းတို့ ဟောဒီမြန်မာပြည်မှာတော့ ရှင်ပြုရဟန်းခံထိုက်တဲ့
        ဗုဒ္ဓဘာသာဝင်အမျိုးကောင်းသားသာမှန်ရင် တစ်သက်လုံးလား၊
        တစ်လလောက်ပဲလား၊ တစ်ပတ်လောက်ပဲလား မိမိတို့နှစ်သက်
        သလို ရှင်ပြုခွင့်ရဟန်းခံခွင့်တွေကို လွယ်လင့်တကူ ရနေကြပါ
        တယ်။ ဒကာ/မတွေအနေနဲ့လည်း မိမိရင်၌ဖြစ်သော သား၊
        သူတစ်ပါးရင်၌ဖြစ်သော သားတွေကို ပရိက္ခရာအစုံ လှူဒါန်းပြီး
        သာသနာ့ဒါယဇ္ဇသာသနာ့အမွေခံကုသိုလ်ထူးကြီးကို လွယ်လင့်
        တကူ ဆည်းပူးခွင့် ရရှိနေကြတယ်။ ဒီလို ရခဲတဲ့ ကုသိုလ်မျိုးကို
        ဦးဇင်းတို့နိုင်ငံတော်ကြီးမှာ လွယ်လွယ်နဲ့ ရနေကြတယ် ဆိုတာ
        ဆရာတော်၊သံဃာတော်တွေ၊ မိဘဘိုးဘွား ရှေးသူတော်ကောင်း

ကြီးတွေအနေနဲ့ သာသနာ့အဆုံးအမကို ချစ်မြတ်နိုးစွာခံယူ၊ ဆရာ နဲ့ဒကာ နားလည်မှုရှိရှိ အပေးအယူမျှမျှနဲ့ သာသနာတော်ကို ဘက်ပေါင်းစုံက ထောက်ပံ့ကာကွယ်စောင့်ရှောက်ခဲ့ကြလို့ပဲပေါ့။
ကိုနိုင် ။ ။ မှန်ပါတယ်ဘုရား။
အရှင် ။ ။ ဒါကြောင့် တန်ဖိုးကြီးသော်လဲ (ရှေးဆရာတော်သံဃာတော်တွေ၊ မိဘဘိုးဘွားတွေ တက်ညီလက်ညီ နည်းစနစ်မှန်မှန်နဲ့ ကာကွယ် ထိန်းသိမ်းနိုင်ခဲ့ကြတဲ့အတွက် မိမိတို့လက်ထက်မှာ) လွယ်လင့် တကူရနေတဲ့ ဒီလို ကုသိုလ်ထူး၊ ကုသိုလ်မြတ်၊ ပွဲထူးပွဲမြတ်တွေ ကို ပေါ့ပေါ့တန်တန် သဘောမထားကြဘဲ လေးလေးစားစား ၀မ်း မြောက်ဝမ်းသာ ဆက်လက်ဆင်နွှဲသွားကြဖို့ပါပဲ။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ အဲဒီတော့ ဦးဇင်းတို့ သတိပေးလိုတာက၊ ကိုနိုင်တို့ သားကလေးကို
ရှင်ပြုတဲ့အခါမယ်၊ ရှင်လောင်းလှည့်တာတွေ၊ ရှင်လောင်းဝှက် တာတွေအတွက် အချိန်ကို လိုတာထက် ပိုမဖြုန်းသင့်ဘူး။ တကယ်
ရှင်ပြုတဲ့အချိန်၊ အနုမောဒနာတရားနာယူမယ့်အချိန်၊ ရေစက်ချ အမျှပေးဝေချိန်တွေအတွက် အချိန်ရှားပါးသွားတတ်ပါတယ်။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ မနှိုင်းအပ် နှိုင်းအပ်ပေါ်လွင်အောင် ဥပမာပြုရရင် အိမ်တစ်အိမ် တည်ဆောက်တဲ့နေရာမယ်၊ ရေချိုးခန်းအိမ်သာတို့ကို တကယ်လို တာထက် ပိုချဲ့ကားလိုက်ရင်၊ ထမင်းစားခန်း၊ ဧည့်ခန်းတွေအတွက် နေရာကျဉ်းသွားတတ်သလိုပဲပေါ့။ အခြားဘာသာရေး အခမ်း အနားတွေမှာပဲ အတူတူပါပဲ။ အဓိကနဲ့ သာမန်ကဏ္ဍကို ခွဲခြား နားလည်နိုင်ကြစေချင်ပါတယ်။
ကိုနိုင် ။ ။ တင်ပါ့။ မှတ်သားလိုက်နာပါ့မယ်ဘုရား။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၃/၀၄/၂၀၁၃

Previous Post
Next Post

About Author

0 comments: