Wednesday, February 28, 2018

ဘုရားပွင့်မှသိရတဲ့ ကံမျိုး




ကိုထူး        ။ အချိုပင်စိုက်ရင် အချိုသီး သီးမယ်၊ အခါးပင်စိုက်ရင် အခါးသီး
                သီးမယ်၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာ
                လုပ်ရင် မကောင်းကျိုးရမယ် ဆိုတာတော့ ဟုတ်ပါပြီ ဘုရား။
                ယနေ့ခေတ်မှာလို ဟိုမျိုးစေ့နဲ့ ဒီမျိုးစေ့ ပေါင်းစပ်စိုက်ပျိုးတာမျိုး
                ကျတော့ ဘယ်လိုကံမျိုးလို့ မှတ်ရပါမလဲ ဘုရား။
အရှင်        ။ မျိုးစေ့ဗီဇကို ပြုပြင်ပေါင်းစပ်စိုက်ပျိုးရင်လည်း ပေါင်းစပ်စိုက်
                ထားတဲ့ အသီးသီးလာမှာ ဖြစ်သလို ကောင်းတာနဲ့ မကောင်းတာ
                တွဲလုပ်ရင်လည်း ကောင်းကျိုးနဲ့ မကောင်းကျိုး တွဲလာမှာပေါ့။
                အဲဒါမျိုးကို အဖြူအမည်းရောသောကံလို့ ခေါ်တယ် ကိုထူးရဲ့။
ကိုထူး        ။ တင်ပါ့ဘုရား။
အရှင်        ။ အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ ကမ္မ၀ဂ်မှာ ကံ(၄)မျိုးနဲ့ ပတ်
သက်ပြီး ဟောတော်မူထားတာရှိတယ်။ အဲဒါတွေက
(၁) မည်းညစ်၍ မည်းညစ်တဲ့အကျိုးရှိတဲ့ (ကဏှ ကဏှဝိပါက)ကံ။
(၂) ဖြူစင်၍ ဖြူစင်သောအကျိုးရှိတဲ့ (သုက္က သုက္က၀ိပါက)ကံ။
(၃) မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်သောအကျိုးရှိတဲ့ (ကဏှ
သုက္က ကဏှသုက္က၀ိပါက)ကံ။
(၄) မမည်းညစ် မဖြူစင်၍ မမည်းညစ်မဖြူစင်သောအကျိုးရှိတဲ့
(အကဏှအသုက္က အကဏှအသုက္က၀ိပါက)ကံ ..တဲ့ ကိုထူးရဲ့။


ကိုထူး ။ ။ တင်ပါ့ဘုရား။
အရှင် ။ ။ အဲဒီမယ် အပြစ်ရှိတဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေ ကို ပြုစီရင်မိတဲ့အတွက် အပြစ်ရှိတဲ့လောကမှာဖြစ်ပြီး ငရဲမှာသွား ဖြစ်တဲ့ သတ္တ၀ါတွေလို အပြစ်ရှိတဲ့ ဆင်းရဲဝေဒနာကို ခံစားရတယ်။ အဲသလိုကံမျိုးကို မည်းညစ်၍ မည်းညစ်တဲ့အကျိုးရှိတဲ့ (ကဏှ ကဏှဝိပါက)ကံလို့ ခေါ်တယ်။ ကိုထူးပြောတဲ့ အခါးပင်စိုက်လို့ အခါးသီးသီးတဲ့ပုံစံမျိုးပေါ့။
ကိုထူး ။ ။ တင်ပါ့ဘုရား။
အရှင် ။ ။ အပြစ်မရှိတဲ့အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို ပြု စီရင်တဲ့အတွက်၊ အပြစ်မရှိတဲ့လောကမှာဖြစ်ပြီး သုဘကိဏှာ ဗြဟ္မာကြီးတွေလို အပြစ်မရှိတဲ့ ချမ်းသာတဲ့ဝေဒနာကို ခံစားရတယ်။ အဲသလိုကံမျိုးကို ဖြူစင်၍ဖြူစင်တဲ့အကျိုးရှိတဲ့ (သုက္က သုက္က၀ိပါက) ကံ လို့ခေါ်တယ်။ ကိုထူးပြောတဲ့ အချိုပင်စိုက်လို့ အချိုသီးသီး တဲ့ ပုံစံမျိုးပေါ့။
ကိုထူး ။ ။ တင်ပါ့ဘုရား။
အရှင် ။ ။ အပြစ်ရှိမရှိ ရောနှောနေတဲ့အပြုအမူ၊ အပြောအဆို၊ အကြံအစည် တွေကို ပြုစီရင်တဲ့အတွက်၊ အပြစ်ရှိမရှိရောနှောတဲ့ လောကမှာ ဖြစ်ပြီး လူ၊ အခိျု့သောနတ်၊ အခိျု့သောဝေမာနိကပြိတ္တာတွေလို အပြစ်ရှိမရှိရောနှောတဲ့ ချမ်းသာဆင်းရဲ ရြေွာပမ်းတဲ့ဝေဒနာကို ခံစားရတယ်။ အဲသလိုကံမျိုးကို မည်းညစ်ဖြူစင်၍ မည်းညစ် ဖြူစင်တဲ့အကျိုးရှိတဲ့ (ကဏှသုက္က ကဏှသုက္က၀ိပါက) ကံ လို့ ခေါ်တယ်။ ကိုထူးပြောတဲ့ မျိုးဗီဇပေါင်းစပ်စိုက်ပျိုးထားလို့ ပေါင်း စပ်တဲ့ရသာရှိတဲ့အသီးသီးတဲ့ ပုံစံမျိုးပေါ့။
ကိုထူး ။ ။ တင်ပါ့ဘုရား။
အရှင်        ။ အထက်မှာ ပြောခဲ့တဲ့ ကံ ၃ မျိုးလုံးကို ပယ်သတ်ဖို့ လှုံ့ဆော်တဲ့
                မဂ်စေတနာကိုတော့ မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်
                သော အကျိုးရှိတဲ့(အကဏှအသုက္က အကဏှအသုက္က၀ိပါက)ကံ
                လို့ခေါ်တယ်။ ဒါကတော့ ကိုထူးပြောတဲ့ ဥပမာထဲမှာမပါတဲ့ ပုံစံမျိုး။
                အချိုမျိုးစေ့ပဲဖြစ်ဖြစ်၊ အခါးမျိုးစေ့ပဲဖြစ်ဖြစ်၊ ပေါင်းစပ်မျိုးစေ့ကို
                ပဲဖြစ်ဖြစ် မျိုးကန်းအောင်လုပ်ပစ်လိုက်တဲ့ ပုံစံမျိုးလို့ မှတ်နိုင်တယ်။
ကိုထူး        ။ တင်ပါ့ဘုရား။
အရှင် ။ ။ နောက်ပိတ်ဆုံး နံပါတ်(၄)ကံပုံစံမျိုးက ဘုရားပွင့်မှ သိခွင့်ရတဲ့ ကံပုံစံမျိုးပါပဲ ကိုထူး။ ဒီကံမျိုးကို မဖြစ်စေနိုင်သေးသမျှတော့ အဖြူကံကိုပြုလိုက်၊ အမည်းကံကိုပြုလိုက်၊ အဖြူအမည်းရောတဲ့ ကံကိုပြုလိုက်နဲ့ ဖြူစင်တဲ့အကျိုးကို ခံစားရတဲ့အခါ ခံစားလိုက်၊ မည်းညစ်တဲ့အကျိုးကို ခံစားရတဲ့အခါ ခံစားလိုက်၊ အဖြူအမည်း ရောနှောနေတဲ့ အကျိုးကို ခံစားရတဲ့အခါ ခံစားလိုက်နဲ့ ဘုံဘ၀ သံသရာမှာ ကျင်လည်နေကြရဦးမှာပဲပေါ့ ကိုထူးရေ။
ကိုထူး ။ ။ မှန်ပါတယ်ဘုရား။ နံပါတ် (၄)ကံမျိုးကို ထူထောင်နိုင်မှ အေးမှာ ပါပဲ ဘုရား။
အကုသိုလ်အမှု၊ တွင်တွင်ပြု၊ အမဲကံဟု ခေါ်။ ကုသိုလ်စင်ဖြူ၊ ပြုပါမူ၊ အဖြူကံဟု ခေါ်။ မဲဖြူရောနှော၊ ကံသဘော၊ မဲဖြူရောဟု ခေါ်။ ထိုကံသုံးမျိုး၊ ပယ်ဖျက်ချိုးသည့်၊ မဂ်မျိုးစေတနာ၊
ကံအရာတွင်၊ မဲတာမဟုတ်၊ ဖြူမဟုတ်၊ မျိုးဖြုတ်ကံဟု ခေါ်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၁၂/၀၁/၂၀၁၄

Previous Post
Next Post

About Author

0 comments: