Tuesday, February 27, 2018

ဝေယျာဝစ္စကုသိုလ်၏ စွမ်းပကား






ဒေါ် ... ။ ။ အရှင်ဘုရား၊ ဒီပင်္ကရာမြတ်စွာဘုရားရှင် ကြွလာတော်မူမယ့် လမ်း နေရာမှာ သုမေဓာရှင်ရသေ့ လမ်းဝင်ပြင်တော့ လူတွေက ဒီရသေ့ တန်ခိုးကြီးတယ်ဆိုပြီး ဗွက်ထူတဲ့နေရာကို သတ်မှတ်ပေးကြတယ်။
ရှင်ရသေ့က လမ်းပြင်တဲ့အခါကျတော့ သူ့တန်ခိုးကို မသုံးဘဲ၊ ကိုယ်တိုင်ကိုယ်ကျ ခွန်အားစိုက်ထုတ်ပြီး လမ်းပြင်တယ်လို့ ဆိုပါ တယ်။ တပည့်တော် မရှင်းတာက ဒီတန်ခိုးကို ရဖို့အတွက်လည်း သူဟာ ၀ီရိယစိုက်ထုတ်ခဲ့ရတာပဲမလား၊ ၀ီရိယစိုက်ထုတ်ပြီးမှ ရ လာတဲ့ ဒီတန်ခိုးကို အသုံးပြုပြီး လမ်းပြင်ရင်ကော ကုသိုလ် မရ နိုင်ဘူးလား ဖြေပေးပါဦး ဘုရား။
အရှင် ။ ။ အရင်အခေါက်က ဦးဇင်း မလေးရှားကို ရောက်လာတော့ ဒကာမ
ကြီးက ဟိုးအဝေးကြီးကနေ ဦးဇင်းကို လာတွေ့တယ်မလား။
ဒေါ် ... ။ ။ တင်ပါ့ဘုရား။
အရှင် ။ ။ အဲသလို လာတွေ့တဲ့အခါကျတော့ ဒကာမကြီးမှာ ငွေတွေ
ပါမလာဘူးလား။
ဒေါ် ... ။ ။ ပါလာပါတယ် ဘုရား။
အရှင် ။ ။ ဦးဇင်းတို့တည်းခိုတဲ့နေရာကိုရောက်တော့ ပါလာတဲ့ငွေနဲ့ ထမင်း ဆိုင်ကနေ အသင့်ချက်ပြီးသားထမင်းဟင်းတွေကိုဝယ်ပြီး ဦးဇင်း တို့ကို ကပ်လှူခဲ့သလား။
ဒေါ် ... ။ ။ မဟုတ်ပါဘူးဘုရား၊ တပည့်တော်ကိုယ်တိုင် မီးဖိုချောင်ထဲကိုဝင်၊
ကိုယ်တိုင်ချက်ပြုတ်ပြီးမှ ကပ်လှူခဲ့တာလေ ဘုရား။
အရှင် ။ ။ မေးရဦးမယ်၊ အဲဒီငွေကိုရှာဖို့အတွက် ဒကာမကြီး ၀ီရိယ မစိုက် ထုတ်ခဲ့ရဘူးလား။
ဒေါ် ... ။ ။ အော၊ သဘောပေါက်ပါပြီဘုရား။ ငွေကိုရှာစဉ်တုန်းက ၀ီရိယစိုက် ထုတ်ခဲ့ရတာလည်း မှန်ပါတယ်။ သို့သော်လည်း အရှင်ဘုရားတို့ အပေါ် ကြည်ညိုလေးစားတဲ့စိတ်ကြောင့် ဆိုင်ကနေ အသင့်ချက် ပြီးသားတွေကို ၀ယ်မကပ်ဘဲ၊ ကိုယ်တိုင်အပင်ပန်းခံ ချက်ပြုတ် ကပ်လှူခဲ့တာပါ ဘုရား။
အရှင် ။ ။ အဲဒီသဘောပါပဲ ဒကာမကြီး၊ သုမေဓာရှင်ရသေ့သည်လည်း မြတ်စွာဘုရားရှင်အပေါ် အင်မတန်ကြည်ညိုလေးစားတဲ့အတွက် တန်ခိုး ဖန်ဆင်းခြင်းမပြုဘဲ၊ သူကိုယ်တိုင်အပင်ပန်းခံပြီး ဝေယျာ
ဝစ္စကုသိုလ်ကို အရယူတော်မူခဲ့တာပါ။ ဒီနေရာမှာ ရတနာ၃-ပါး အပေါ်၊ တကယ့်ကို ကြည်ညိုလေးစားတဲ့စိတ်နဲ့ပြုတဲ့ ဝေယျာဝစ္စ ကုသိုလ်သည် ဘုရားဆုကို ပန်ဆင်နိုင်လောက်အောင်တဲ့ အထိ အင်အားကြီးမားတယ် ဆိုတာကို ဦးဇင်းတို့တွေ သတိပြုမိကြဖို့ လိုပါတယ်။
ဒေါ်   ။ ။ သာဓု သာဓု သာဓုပါ အရှင်ဘုရား၊ အင်မတန် ကျေးဇူးတင်
ဝမ်းမြောက်လှပါတယ်ဘုရား။ (ဝေယျာဝစ္စကုသိုလ်၏စွမ်းပကားကို သူတော်ကောင်းများ အင် မတန် အလေးအနက်ထားတော်မူကြပါသည်။)


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၇/၀၈/၂၀၁၃
Previous Post
Next Post

About Author

0 comments: