Tuesday, February 27, 2018

တောင်းပန်တာဟာ အပိုအလုပ်မဟုတ်ပါ




ဦး ...  ။ ။ တရားရိပ်သာတွေမှာ မနက်ပိုင်းဆိုရင်၊ ရတနာ(၃)ပါး၊ အရိယာ သူတော်ကောင်းများနဲ့ မိဘဆရာသမားတွေအပေါ်မှာ ပြစ်မှားမိ ခဲ့တာတွေရှိရင် ကျေပျောက်ပါစေဆိုပြီး ၀န်ချတောင်းပန်ကြရ ပါတယ်။ အပြစ်တကယ်ရှိခဲ့လို့ တောင်းပန်ရတယ်ဆိုတာကတော့ နည်းလမ်းကျပါတယ်။ အပြစ်မရှိဘဲ တောင်းပန်ရတယ်ဆိုရင်တော့ အပိုတွေများ ဖြစ်နေမလားလို့ တွေးမိပါတယ် ဘုရား။
အရှင် ။ ။ အမှိုက်ရှိလို့ အမှိုက်လှည်းရင် အမှိုက်တွေ ပြောင်စင်သွားသလို၊ အမှိုက်မရှိဘဲ အမှိုက်လှည်းရင်လည်း ပိုပြီး သန့်စင်ပြောင်လက် သွားနိုင်ပါတယ် ဒကာကြီး။ အပိုတော့ မဖြစ်ပါဘူး။ ဦးဇင်းတို့ သိနိုင်ကြတယ်ဆိုတာက ကိုယ်ပြန်မှတ်မိတဲ့အချိန်ပိုင်းအတွင်းက အနေအထားတွေလောက်ကိုပဲ ပြန်ပြီးသိနိုင်ကြတာမျိုးပေကိုး။
ဒီဘ၀မှာ ကိုယ်ပြန်မမှတ်မိတဲ့ အရွယ်တုန်းက အပြစ်ပြုမိခဲ့တာတွေ
ရှိ/မရှိ မသိနိုင်ကြသလို၊ အတိတ်ဘ၀တွေတုန်းက ပြုမိမှားခဲ့တဲ့ အပြစ်တွေ ရှိ/မရှိ ဆိုတာကိုလည်း မသိနိုင်ကြလေတော့ အပြစ်
ရှိခဲ့ရင် ကျေပါစေတော့ဆိုပြီး ကန်တော့ကြရတာပါပဲ။ အကယ်၍ အပြစ်မရှိခဲ့ရင်တောင်မှ လောလောဆယ်မှာ မာန်မာနကို ချိုးနှိမ်
ရကျိုးတော့ ရှိပါတယ် ဒကာတော်။ ဦး ...        ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဦးဇင်းတို့ ပုထုဇဉ်တွေဆိုတာက သုဂတိဘုံမှာထက် ဒုဂ္ဂတိဘုံတွေ မှာ အဖြစ်များတတ်ကြပါတယ်။ အသိဉာဏ်ရှိတဲ့ ဘ၀တွေထက် အသိဉာဏ်မဲ့တဲ့ ဘ၀တွေမှာ ပိုပြီး အဖြစ်များတတ်ကြပါတယ်။

ခွေးမဖြစ်ခဲ့ဖူးဘူးလို့ မပြောနိုင်သလို တစ္ဆေ္ဆ၊သရဲ မဖြစ်ခဲ့ဖူးဘူး လို့လည်း မပြောနိုင်ပါဘူး။ ဒီနေ့ ရပ်ကွက်ထဲကို ကြည့်လိုက်ရင်ရဟန်းသံဃာတွေကိုဟောင်နေတဲ့ခွေးတွေကို တွေ့နိုင်ပါတယ်။ တဆင့်စကားကြားရတာတွေကိုနားထောင်ကြည့်ရင် ဖြစ်စေ ဗုဒ္ဓ စာပေတွေမှာလာရှိတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ရင် ဖြစ်စေ တရားအားထုတ်နေကြတဲ့ ရဟန်းသူတော်ကောင်း၊ လူ သူတော်ကောင်းတွေကို ခြောက်လှန့်ကြတဲ့ ပြိတ္တာ တစ္ဆေ္ဆ၊၊ သရဲတွေ၊ မိစ္ဆ္ဆာအယူရှိတဲ့ နတ်တွေအကြောင်းကို ကြားသိတွေ့မြင်နိုင်ကြပါ တယ်။ ကိုယ်တွေရော အဲသလို ဘ၀မျိုးတွေမှာ မဖြစ်ခဲ့ဖူးဘူးလို့ တပ်အပ်ဆိုနိုင်မလား။ အဲသလို  အပြစ်မျိုးတွေကို မလွန်ကျူးခဲ့ မိဘူးလို့ တပ်အပ်ဆိုနိုင်မလား ...စဉ်းစားစရာပေါ့ ဒကာကြီး။
ဦး ... ။ ။ အဲသလိုတွေတော့ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့မှာပါဘုရား။ တပည့်တော် က အဲသလောက်အထိ မစဉ်းစားမိပါဘူး ဘုရား။
အရှင် ။ ။ ဟုတ်တယ်။ ခုလို တောင်းပန်လိုက်တဲ့အခါကျတော့ အကယ်၍များ
အဲသလို အပြစ်တွေရှိခဲ့ရင် ကျေပျောက်ခြင်းဆိုတဲ့ အကျိုးကို
ရနိုင်တာပေါ့။ အကယ်၍ အဲသလိုအပြစ်မျိုးတွေ မရှိခဲ့ရင်တောင်မှ
'အဘိဝါဒန သီလိဿ ၊ နိစ္စံဝုဍ္ဎုာပစာယိနော ။စတ္တာရော ဓမ္မာ
ဝဍ္ဎုန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ'လို့ ဟောတော်မူတာနဲ့ အညီ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အား ကြီးခြင်း ... ဆိုတဲ့ ကောင်းကျိုးတရားတွေကို ရနိုင်တယ်လို့ အသင့်အားဖြင့် မှတ်ယူကြရပါမယ် ဒကာကြီး။
ဦး ... ။ ။ သာဓု သာဓု သာဓု ပါ။ ကျေနပ်လှပါတယ် ဘုရား။ နောင်လည်း
မရှင်းလင်းတာရှိရင် ခုလိုပဲ လာမေးပါရစေ ဘုရား။
အရှင် ။ ။ မေးနိုင်ပါတယ် ဒကာတော်။ ဦးဇင်းတို့လည်း စွမ်းသလောက် ဖြေရတာပေါ့။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၂/၀၄/၂၀၁၄

Previous Post
Next Post

About Author

0 comments: