Tuesday, February 27, 2018

ဝေဒ အလို နှင့် ဗုဒ္ဓ အလို




ဦး ... ။ ။ ဦးဇင်းတို့နဲ့ ကြုံတုန်းကြုံခိုက် ဗေဒင်ကလေး မေးချင်လို့ပါဘုရား။ ဦးဇင်းတို့အနေနဲ့ မဟောချင်ရင်သာ နေရမယ်၊ ဗေဒင်ပညာကို တော့ အထိုက်အလျောက် တီးမိခေါက်မိရှိကြမယ် ထင်ပါတယ် ဘုရား။
အရှင်        ။ မွေးသက္ကရာဇ်ပြောပါ ဒကာကြီး။
ဦး ...        ။ .... ခုနှစ်၊ .... လ၊ .... ရက်၊ ... နေ့ ပါဘုရား။
(စာရွက်တစ်ရွက်နှင့်လိုက်မှတ်ပြီး ဟိုခြစ်သည်ခြစ် ကောက်ခြစ်လိုက်သည်။ ထို့
နောက် ...)
အရှင် ။ ။ အဲ ... ဗုဒ္ဓဟူးသားတွေနဲ့ ကောင်းကျိုးမပေးဘူး ဒကာကြီး။ ဗုဒ္ဓဟူးသားတွေကို ရှောင်ရမယ်။
ဦး ... ။ ။ အော် ... ဟုတ်လားဘုရား။ တပည့်တော် အလုပ်တွဲလုပ်နေ တာက ဗုဒ္ဓဟူးသားဆိုတော့ ခက်ပြီ ဘုရား။
အရှင် ။ ။ နေပါဦး ဒကာကြီးရဲ့၊ မခက်ပါနဲ့ဦး၊ အဲဒါက ဗေဒင်အလိုပါ။ ဗုဒ္ဓအလိုကတော့ 'အသေ၀နာစ ဗာလာနံ - လူမိုက်ကို ရှောင်ရ မယ်' တဲ့၊ 'အသေ၀နာစ ဗုဒ္ဓဟူးသား၊ အသေ၀နာစ ကြာသပတေး သား' လို့ ဟောတော်မမူပါဘူး။ ဗုဒ္ဓဟူးသားကို ရှောင်ရမယ်၊ ကြာသပေးသားကို ရှောင်ရမယ်လို့ ဟောတော်မမူပါဘူး၊ လူမိုက် ကို ရှောင်ဖို့ပဲ ဟောတော်မူတယ်။ ဆိုတော့ ဗေဒင်ဟောကို သဘော ကျရင် ဗေဒင်ကဟောသလိုယူပါ။ ဘုရားဟောကို သဘောကျရင် ဘုရားဟောကိုယူပါ။
 ဦး ...        ။ ဘုရားဟောကို သဘောကျပါတယ် ဘုရား။
အရှင်        ။ ဟုတ်တယ်။ ဗေဒင်က ဗုဒ္ဓဟူးသားနဲ့ပေါင်းရင် ကောင်းကျိုးဖြစ်
ထွန်းမယ် ဟောသော်လည်း အဲဒီ ကိုယ်သွားပေါင်းတဲ့ ဗုဒ္ဓဟူး
သားက ကြောင်းကျိုးမသိတဲ့ လူမိုက်ဖြစ်နေရင် ဘယ်လိုလုပ် ကောင်းကျိုးဖြစ်နိုင်ပါ့မလဲ။
ဦး ... ။ ။ မှန်ပါတယ် ဘုရား။
အရှင် ။ ။ ဗေဒင်က ဗုဒ္ဓဟူးသားနဲ့ပေါင်းရင် ကောင်းကျိုးမဖြစ်နိုင်ဘူး ဟော သော်လည်း ကိုယ်သွားပေါင်းတဲ့ ဗုဒ္ဓဟူးသားက ကြောင်းကျိုး သိမြင် ပညာ့ရှင်ဖြစ်နေရင် ကောင်းကျိုးဖြစ်ထွန်းမှာ အမှန်ပါပဲ။
ဦး ... ။ ။ မှန်ပါတယ် ...ဘုရား။
အရှင် ။ ။ ကဲ ... အဲဒါဆို၊ နောင်အခါ ရဟန်းသံဃာတွေနဲ့ တွေ့လို့ရှိရင်၊ ဗေဒင်ကလေးမေးချင်လို့ပါဘုရား လို့ လျှောက်မယ့်အစား ကြုံ တုန်းကြုံခိုက် တပည့်တော်တို့နဲ့ သင့်တော်မယ့် တရားဓမ္မများ ဟောကြား ချီးမြှင့်ပေးပါဘုရားလို့ ပြင်လျှောက်ရင် ပိုမကောင်း ပေဘူးလား။
ဦး ... ။ ။ တပည့်တော် နားလည်ပါပြီ ဘုရား။ ကျေးဇူးအထူးတင်ပါတယ် ဘုရား။

မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၃/၀၄/၂၀၁၄
Previous Post
Next Post

About Author

0 comments: