အရှင် ။ ။မိသားစုဝင်တွေထဲက
တစ်ယောက်ယောက်ကွယ်လွန်သွားတဲ့အခါ ကျတော့ သူ့ရဲ့ကုတင်ကို ဘုန်းကြီးကျောင်းကို လှူကြတယ်၊
သူ
ဝတ်သွားတဲ့ ရွှေဆွဲကြိုးတို့၊ လက်ဝတ်လက်စားတို့ကျတော့ ကိုယ် တွေပဲ
ယူထားလိုက်ကြတယ်ဆိုတာ ဘာကြောင့်လဲ။
ပရိသတ် ။ ။ကုတင်ကျတော့ ကြောက်လို့ပါ ဘုရား။
အရှင် ။ ။အမယ် ...တယ်ဟုတ်ပါလား၊
ဒါနဲ့ ...မေးကြည့်ရဦးမယ်၊ ဒကာ၊
ဒကာမတွေ၊ ဥပမာမယ် ...အိမ်ကို မီးလောင်ခံရမယ်ဆိုရင် ကုတင် နဲ့ ရတနာပစ္စည်း၊
ဘာကို အရေးတကြီး သတိရကြမတုန်း။
ပရိသတ် ။ ။ရတနာပစ္စည်းတွေကို အရေးတကြီးသတိရကြမှာပါ ဘုရား။
အရှင် ။ ။စဉ်းစား ... စဉ်းစား၊
သေခါနီးလူတွေသည်လည်း စွဲစရာရှိရင် ကုတင်နဲ့ သူ့လက်ဝတ်လက်စား၊ ဘာတွေကို ပိုစွဲဖို့ များမယ်ထင်
သတုန်း။
ပရိသတ် ။ ။လက်ဝတ်လက်စားတွေကို ပိုစွဲဖို့ များပါတယ်ဘုရား။
အရှင် ။ ။သဘောတရားကို ပြောပြနေတာနော်။
သဘောတရားတွေကို သိ မထားရင် ဘာမှန်းမသိဘဲ ရမ်းသမ်းကြောက်နေရတော့ မပင်ပန်း ကြပေဘူးလား။
ပရိသတ် ။ ။ ပင်ပန်းပါတယ်ဘုရား။
အရှင် ။ ။ရေအိုးခွဲတာတွေ၊
သုသာန်ကနေ သေလူကို ခေါ်လာခဲ့တာတွေ၊ သေတဲ့လူဟာ အိမ်မှာ (၇) ရက်နေပြီးမှ သွားလိုရာ သွားကြတယ်
လို့ ယူထားတဲ့အယူတွေဟာ ရပ်ဓလေ့ ရွာဓလေ့သာဖြစ်ပြီး ဗုဒ္ဓ ဘာသာအယူအဆမဟုတ်ဘူးဆိုတာကို ကွဲကွဲပြားပြား
သိထား ကြရပါမယ်။
ပရိသတ် ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။ဆိုကြပါစို့၊ အဇာတသတ်တို့လို
ငရဲသွားဖြစ်ရမယ့် သူတွေဟာ အိမ်မှာ (၇)ရက်နေခွင့် ဘယ်လိုလုပ်ရကြတော့မှာလဲ၊ ဓမ္မိကဥပါ
သကတို့လို နတ်ပြည်မှာ သွားဖြစ်မယ့်သူတွေဟာလည်း အိမ်မှာ ဘယ်လိုလုပ်ပြီး (၇) ရက်နေဦးတော့မှာလဲ။
အဲ ... တကယ့် တကယ် အိမ်ကိုအစွဲကြီးပြီး သေသွားလို့ အိမ်မှာတစ္ဆေ္ဆ္ဆ္ဆ္ဆ္ဆ၊ သရဲ အနေနဲ့ လာဖြစ်သူတွေကျတော့လည်း
(၇)ရက် ဘယ်ကမလဲဗျာ၊ သူတို့နေလို့ရသမျှ နေကြပေမှာပေါ့။ သဘောပေါက်ရဲ့လား။
ပရိသတ် ။ ။သဘောပေါက်ပါပြီဘုရား။
အရှင် ။ ။အဲသလိုမျိုး သူတို့ပြုခဲ့တဲ့
ကံအားလျော်စွာ ဆိုင်ရာဆိုင်ရာ ဘုံဘ၀ တစ်ခုမှာ ဘ၀ခန္ဓာအသစ်သွားဖြစ်ဖို့အတွက် ရေအိုးခွဲပေးစရာကော
လိုမှာလား။
ပရိသတ် ။ ။မလိုပါဘူး ဘုရား။
အရှင် ။ ။ဆိုတော့ အဲဒီ အယူအဆအလေ့အထတွေဟာ
ရပ်ဓလေ့ ရွာဓလေ့ သာဖြစ်ပြီး သာသနာတော်ရဲ့အယူအဆအလေ့အထ မဟုတ်ဘူး ဆိုတာ ခွဲခွဲခြားခြား
သိစေချင်ပါတယ်။
ပရိသတ် ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။သို့သော်လည်းဘဲ
ဒီလိုကိစ္စတွေမှာ ရဟန်းသံဃာတွေ ပြောတဲ့ စကားကျတော့ နားမ၀င်ဘဲ အရပ်စကားကိုသာ နားဝင်နေကြ
တယ်ဆိုတာ ဆီသယ်မလက်သုတ်ပ၀ါလို ဖြစ်နေကြလို့ပဲလို့ မှတ် ကြပါ။
ပရိသတ် ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။ဆီသယ်မလက်သုတ်ပ၀ါလို
ဖြစ်ပြီး အယူအဆမှားတွေက အထပ် ထပ်စွဲကပ်နေကြလေတော့ တခိျု့ဆို တော်ရုံနဲ့ချွတ်လို့မရတော့ဘူး၊
တစ်နည်းအားဖြင့် ပြောရရင် တခိျု့ကတော့ ဒီအယူအဆတွေဟာ မဟုတ်မှန်း သိကြသော်လည်း ရပ်ကွက်နဲ့အချေအတင်
မပြောချင် တာနဲ့ပဲ အလိုက်အထိုက် ကြည့်လုပ်လိုက်ကြရတာတွေလည်း ရှိ ကြပေမှာပေါ့။
ပရိသတ် ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။ပြောချင်တာကတော့
အဲဒီရေအိုးခွဲတဲ့ အယူအဆ၊ သေပြီးရင် အိမ် မှာ (၇)ရက်နေတယ်ဆိုတဲ့ အယူအဆ၊ (၇)ရက်ပြည့်အောင်
သူကြိုက် တတ်တာလေးတွေ ကျွေးပေးရတယ်ဆိုတဲ့ အယူအဆတွေဟာ ဗုဒ္ဓ ဘာသာအယူအဆမဟုတ်ဘူး ဆိုတာပါပဲ။
ပရိသတ် ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။ဒါဖြင့် ဗုဒ္ဓဘာသာအယူအဆက
'သေသူရဲ့ရုပ်အလောင်းကို ကောင်း ကောင်းမွန်မွန်သင်္ဂြိုဟ်ပေးဖို့ရယ်၊ သူတို့ကိုရည်စူးပြီး
တတ်စွမ်းသမျှ ကောင်းမှုပြု၊ အမျှအတန်းပေးဝေဖို့ရယ်ပဲ'ဆိုတာ သေသေချာချာ မှတ်ကြစေချင်ပါတယ်။
သဘောပေါက်ကြရဲ့လား။
ပရိသတ် ။ ။သဘောပေါက်ပါပြီ ဘုရား။
ကုတင်နှင့်ရွှေ၊ ပစ္စည်းတွေ၊ စိတ်နေ ဘယ်ဟာစွဲ။ သေမြဲဓမ္မတာ၊ သေသောခါ၊
အိမ်မှာ ဖြစ်-မဖြစ် ကွဲ။ ငရဲနှင့်နတ်၊ သွားတုံလတ်၊ ခုပြတ် ခုသွားမြဲ။ ရေအိုးခွဲစရာ၊
မလိုပါ၊ ကံသာ ပို့စမြဲ။
သရဲတစ္ဆေ္ဆ္ဆ္ဆ၊္ဆ၊ ဖြစ်တုံလေ၊ အိမ်နေစွဲပြန်လည်း။
ခုနစ်ရက်မက၊ ရသမျှ၊ နေကြပေမှာပဲ။
အမှန်မသိက၊ ကြောက်မိကြ၊ ရွာ့ထုံးမျှသာပဲ။
ရွာနှင့်တည့်စေ၊ စိတ်ရှင်းစေ၊ နေလေ ရပ်ရွာထဲ။
(၀၂/၀၄/၂၀၁၄ နေ့၊ နာရေးတစ်ခု၌ ဟောကြားသည်။)
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၂/၀၄/၂၀၁၄
0 comments: