Wednesday, February 28, 2018

အတိတ်ကံက တိုက်နဲ့ကားနဲ့ နေရအောင် ပံ့ပိုးပေးလိုက်ပြီပဲ



ယခုတလော ဟိုဟိုဒီဒီ ခရီးသွားဖြစ်၏။ တက္ကစီ စီးဖြစ်တိုင်း တက္ကစီ ဆရာများနှင့် စကားပြောဖြစ်လေ့ရှိ၏။ တခို့် တကၠစီဆရာမ်ားထံမွ ဗဟုသုတ မ်ားစြာ ရရိွခဲ့သကဲ့သို့၊ တခို့်ကိုမူ လမ်းကြောင်းတည့်ပေးနိုင်ခဲ့၏။ လမ်းကြောင်း တည့်ပေးနိုင်ခဲ့သော တက္ကစီဆရာများထဲတွင် မနေ့ကတစ်ယောက်လည်း ပါဝင်၏။ တက္ကစီဆရာသည် ဤအရှင်သွားလိုသော ခရီးအတွက် ၃၅၀၀ ကျပ် တောင်း၏။ သည်ခရီးကို ခါတိုင်း ၄၀၀၀ ကျပ်စီ ပေးစီးပြီး သွားနေကျဖြစ်သဖြင့် လေးထောင်ကျပ်ယူပါ ဟု ပြောလိုက်သောအခါ၊ ''တပည့်တော်က ဒီခရီး ဘယ် လောက်ဝေးမှန်း မသိဘူးဘုရား၊ တပည့်တော်က မတော်လောဘတွေကြောင့် ဘ၀ပျက်ခဲ့ရသူဖြစ်လေတော့ ရဟန်းသံဃာတွေဆီက ပိုတောင်းမိမှာ စိုးပါတယ်၊ ခု အရှင်ဘုရားက ဈေးမှန်ပေးတော့ တပည့်တော် ၀မ်းသာရတာပေါ့ဘုရား'' ဟု ဆိုရှာလေသည်။ ဤသို့ဖြင့် အပြန်အလှန်ကျေနပ်ကြသည်ဖြစ်ရကား စကားလမ်း ကြောင်းတည့်သွားကြလေသည်။ လမ်းခရီးတွင် နှစ်လုံးထီနှိပ်စက်သဖြင့် ကိုယ်ပိုင် အိမ်နှင့်ကားကို ရောင်းချခဲ့ရသည့် သူ့မိသားစုဘ၀ဇာတ်ကြောင်းကို ပြောပြရှာ လေသည်။ ဇာတ်လမ်းအဆုံးတွင် ''အတိတ်ကံပေါ့ဘုရား၊ ကံပါလာတော့လည်း
မွဲသွားတာပါပဲ'' ဟု နိဂုံးသတ်လေသည်။


အရှင် ။ ။ ဒကာကြီးပြောတာတွေ နားထောင်ရသလောက် အတိတ်ကံ ကြောင့် မွဲသွားတာမဟုတ်ဘူးထင်တာပဲ ဒကာကြီး၊ တကယ် တော့ ဒကာကြီးတို့က အတိတ်ကံကို ရိုက်ချိုးပစ်လိုက်ကြတာ ပါ။
တက္ကစီဆရာ ။ ။ ဘယ်လို ... အရှင်ဘုရား၊ အတိတ်ကံကို ရိုက်ချိုးပစ်လိုက် တာ ...၊ ဟုတ်လားဘုရား။
အရှင် ။ ။ ဟုတ်တယ် ဒကာကြီး။ ဒကာကြီးတို့က ကိုယ့်ကံကို ကိုယ်တိုင်
ရိုက်ချိုးပစ်လိုက်ကြတာပါ။ အတိတ်ကံက ဒကာကြီးတို့ကို အိမ်နဲ့ ကားနဲ့ ဖြစ်အောင်ထိ ပံ့ပိုးပေးလိုက်ပြီပဲ။ အဲဒါကို
ဒကာကြီးတို့က လောင်းကစားမှုနဲ့ ရိုက်ချိုးပစ်လိုက်ကြတာ။
မွဲရမယ့်ကံပါလာလို့ မွဲသွားကြတာ မဟုတ်ပါဘူး။
တက္ကစီဆရာ ။ ။ မွဲရမယ့်ကံ ပါလာလို့ မွဲသွားတာ မဟုတ်ဘူးတဲ့လား ဘုရား။
ဒီလိုပြောတာမျိုး တပည့်တော်ဘ၀မှာ တစ်ခါမှ မကြားခဲ့ဖူးပါ ဘူးဘုရား။
အရှင် ။ ။ ဥပမာ ... အနှစ်ငါးဆယ်လောက်ခံမယ့် သစ်သားနဲ့ဆောက် ထားတဲ့ အိမ်တစ်လုံးကို ဆောက်ပြီး လေးနှစ်လောက်မှာ ဖျက်ဆီး လိုက်မယ်ဆိုရင် အဲဒီအိမ်ကို ဆက်ပြီးအသုံးပြုလို့ မရတော့ သလိုပေါ့။ အိမ်နဲ့ကားနဲ့နေရမယ့်ကံကို ဒကာကြီးတို့ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ကြတာပါ။
တက္ကစီဆရာ ။ ။ မှန်ပါ့၊ ဆက်မိန့်ပါဦးပါ ဘုရား။
အရှင် ။ ။ လူမှာ အစွဲ (၂) မျိုးရှိတယ် ဒကာကြီး၊ မကောင်းမှုအကုသိုလ် ကို စွဲသွားတာရယ်၊ ကောင်းမှုကုသိုလ်ကို စွဲသွားတာရယ်ပေါ့။ မကောင်းမှုကိုစွဲသွားရင် အဲဒီလူတွေဟာ မကြာခင်မှာ စီးပွား ပျက်၊ ကျန်းမာရေးညံ့ စသည်ဖြစ်လာတတ်တယ်။ ကောင်းမှု ကို စွဲသွားပြီဆိုရင်တော့ အဲဒီလူတွေဟာ မကြာမတင်မှာ ကြီး ပွားချမ်းသာလာတတ်တယ်။ ခု ဒကာကြီးတို့ စွဲသွားတာက လောင်းကစားမှုဆိုတော့ ကောင်းမှုဘက်မှာ စွဲသွားတာမျိုး မဟုတ်ခဲ့တာတော့ အမှန်ပဲ။
တက္ကစီဆရာ ။ ။ မှန်ပါတယ် ဘုရား။
အရှင် ။ ။ အဲဒီတော့ ကောင်းမှုကို စွဲသွားအောင် ပြန်ထူထောင်ပါ ဒကာ
ကြီး။ ဘုရား မရှိခိုးရရင် တစ်ခုခုလိုနေသလို၊ သောက်တော်ရေ


မကပ်ရရင်၊ မေတ္တာပို့အမျှဝေလေးလောက်မှ မလုပ်ရရင် တစ်ခုခု လိုနေသလို ဖြစ်လာတာမျိုးကို အဲဒါ ကုသိုလ်ကို စွဲသွားတာလို့ ခေါ်ပါတယ်။ အဲသလို ကုသိုလ်ကောင်းမှုဘက်ကို စွဲလာပြီဆို
ရင် စိတ်တွေ အရင်ကထက် ကြည်လင်လာပါလိမ့်မယ် ဒကာ
ကြီး၊ အလုပ်အကိုင်တွေလည်း အဆင်ပြေလာပါလိမ့်မယ်။
တက္ကစီဆရာ ။ ။ ကျေးဇူးတင်လိုက်တာဘုရား။ တပည့်တော်က အတိတ်ကံကြောင့် မွဲသွားတာလို့ ယူဆထားတာ၊ ကိုယ့်ကံကိုကိုယ် ရိုက်ချိုးပစ် လိုက်မိမှန်း ခုမှ သိရပါတော့တယ်။ အရင်ကဆို ပဋ္ဌာန်းလည်း နေ့စဉ် ပူဇော်ဖြစ်ပါတယ်။ ခု ပြန်လုပ်ပါတော့မယ် ဘုရား။ ကုသိုလ်ကောင်းမှုကိုလည်း စွဲသွားအောင် လုပ်ပါမယ်။ အလုပ် ကိုလည်း ပိုပြီးကြိုးစားပါ့မယ် ဘုရား။
အရှင် ။ ။ သာဓု သာဓု သာဓု ပါ ဒကာကြီး။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)

Previous Post
Next Post

About Author

0 comments: