Tuesday, February 27, 2018
လေ့ကျင့်ဖို့တော့ လိုပါတယ်
ကိုထူး        ။ စိတ်ကို ပစ္စုပ္ပန်တည့်တည့် ထားနိုင်အောင် ကြိုးစားဖို့၊
        အတိတ်တွေ အနာဂတ်တွေဆီ ရောက်ရောက်မသွားဖို့ ဆရာ
        သမားတွေက ညွှန်ကြားကြပါတယ်။ စိတ်ကို ပစ္စုပ္ပန်တည့်
        တည့် ထားနိုင်အောင် ဘာ့ကြောင့် အားထုတ်သင့်တယ်
        ဆိုတဲ့ အကြောင်းပြချက်တွေကလည်း ခိုင်လုံလှပါတယ်။
        ဒါပေမယ့် အတိတ်နဲ့ အနာဂတ်ကို အရောက်များနေတဲ့
        စိတ်တွေကိုတော့ ခုအချိန်အထိ သိသိသာသာ မလျှော့ချ
        နိုင်သေးပါဘူး ဘုရား။ တစ်ခါတစ်ခါလည်း စိတ်ကို ပစ္စုပ္ပန်
        တည့်တည့်ထားတယ်ဆိုတာ ခြေဖ၀ါးနင်းလောက်ရုံ သစ်
        သားပြားအရှည်ကြီးတစ်ခုကို မြေကြီးပေါ် ချခင်းပြီး သစ်
        သားပြားပေါ်ကနေ ခြေမချော်ကျရအောင် လှမ်းလျှောက်
နေရတာနဲ့ တူတယ်လို့ ခံစားမိပါတယ် ဘုရား။
အရှင် ။ ။ မှန်တာပေါ့။ နင်းလျှောက်နေရတဲ့ သစ်သားပြားက ခြေဖ၀ါး ဆန့်တယ် ဆိုရုံကလေး။ ဘေးဘယ်ညာ နှစ်ဘက်မှာတော့ မြေပြင်ကအကျယ်ကြီး။ ဆိုတော့ ... မြေကြီးပေါ် ချော်ချော် နင်းမိတာကိုလည်း အပြစ်မဆိုသာပြန်ဘူး ကိုထူးရဲ့။
 ကိုထူး              ။ တင်ပါ့ဘုရား။ တပည့်တော် စဉ်းစားမိတာက ခြေချရုံသစ်
                သားပြားကလေးက ပစ္စုပ္ပန်အာရုံဆိုရင်၊ ဘေးဘယ်ညာ
                မြေပြင်အကျယ်ကြီးက အတိတ်နဲ့ အနာဂတ်ပေါ့ ဘုရား။
                တခိျု့ကတော့ ပစ္စုပ္ပန်ပေါ် စိတ်ထားတယ်ဆိုတာ ကြိုး
                တန်းပေါ်လမ်းလျှောက်တာနဲ့တူတယ်လို့တောင် ပြောတတ်
                ကြပါသေးတယ်။ တကယ်တော့လည်း ... ပစ္စုပ္ပန်ဆိုတာ
                ဘာကြာတာလိုက်လို့။ လျှပ်တစ်ပြက် လက်ဖျစ်တစ်တွတ်
                စာပဲ ရှိတာကိုးဘုရာ့။
အရှင်        ။ ဟုတ်တယ်။ အဲသလို အထားရခက်လို့လည်း ဆရာသမား
                တွေက အားပေးကြတာပေါ့။ လမ်းမလျှောက်တတ်တဲ့
                ကလေးဘ၀ကနေ လေ့ကျင့်ခဲ့ကြတာ ပြေးနိုင် လွှားနိုင်
                လာခဲ့ကြတယ်။ တခိျု့များ မာရသွန်ပြိုင်ပွဲတွေကိုတောင်
                လမ်းလျှောက်၊ ခုန်ပေါက် အမျိုးမျိုး လုပ်လာနိုင်ခဲ့ကြတယ်။
                ဒီမှာလည်း၊ စိတ်ကို ပစ္စုပ္ပန်တည့်တည့်ထားဖို့အတွက် ခိုင်
                မာတဲ့ ကမ္မဋ္ဌာန်းအာရုံတွေရှိတယ်။ တိကျတဲ့ညွှန်ကြားချက်
                တွေရှိတယ်။ စနစ်တကျ သင်ကြားပေးနေကြတဲ့ ကမ္မဋ္ဌာန်း
                ရိပ်သာတွေ ရှိတယ်။ အလေ့အကျင့်ပါပဲတဲ့ ကိုထူးရဲ့။ ကြိုး
                စားကြတာပေါ့။
ကိုထူး ။       ။ မှန်ပါ၊ ကြိုးစားပါ့မယ် ဘုရား။
 ငယ်စဉ်အခါ၊ ထိုင်ရာမှထ ထရာမှလှမ်း၊ လမ်းလျှောက်စွမ်းဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
လဲကျခါခါ၊ ဒူးနာနာနှင့် နာပင်နာငြား၊ ဒို့ကြိုးစား၍ ဖ၀ါးမတ်မတ်၊ ခြေစုံရပ်ကာ
ရပ်ရာမှလှမ်း၊ လှမ်းရာမှပြေး
ကလေးဒို့သည်၊ အောင်ပွဲချီခဲ့။
ကြီးမှခုခါ၊ အရာရာတွင် ဘဇာကြောင့်ပျော့၊ စိတ်လက်လျှော့၍ ပေါ့လျော့နေသင့်ပါသနည်း။
ငယ်ကစိတ်ထား၊ လုံ့လများကို အားပါးမနာသင့်ပြီလော။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၄/၁၂/၂၀၁၂
Previous Post
Next Post
About Author
0 comments: