''စာပေတွေလည်း အများကြီးလေ့လာ၊ တရားလည်း အားထုတ် ထားတဲ့ အခိျု့သော
လူပုဂ္ဂိုလ်တွေဟာ ဗဟုသုတမကြွယ်တဲ့ ရဟန်း၊ သီလရှင်တွေကို ပြစ်မှားမိတတ်ကြတယ်'' ..ဆိုတဲ့
စာသားလေးတစ်ခု
ဒီနေ့မနက်မှာ ဖတ်ရှုခွင့်ရခဲ့ပါတယ်။
မှန်ပါတယ်။ ဘာသာဝါဒအယူအဆအမျိုးမျိုး၊ နိုင်ငံရေးရာ အယူ အဆအမျိုးမျိုး၊
မတ်ကက်တိန်းသဘောသဘာဝအထွေထွေ၊ ဆိုရှယ် ရေးရာအဖြာဖြာ စသည်ဖြင့် စာပေလေ့လာအားကလည်း ကောင်းမယ်၊
လက်တွေ့အားထုတ်တဲ့အပိုင်းမှာလည်း ကိုယ့်ဘာသာ အားရကျေနပ် မှုလည်း အထိုက်အလျောက်ရှိမယ်ဆိုရင်
အဲသလို(အခိျု့သော) လူပုဂ္ဂိုလ် တွေဟာ သူတို့လို ဗဟုသုတမကြွယ်တဲ့ ရဟန်း၊ သာမဏေ၊ သူတော်၊
သီလရှင်တွေအပေါ်မှာ တစ်နည်းနည်းနဲ့ ပြစ်မှားမိတာမျိုးတွေ တကယ် ကို ဖြစ်တတ်ကြပါတယ်။
အကျယ်ချဲ့ပြီး တွေးရင်တော့ တွေးစရာများစွာ၊ အကြောင်းပြချက် တွေများစွာထွက်ပေါ်လာလိမ့်မယ်လို့
ယူဆပါတယ်။ ဒီစာစုကလေးဟာ ဗဟုသုတပြည့်စုံတဲ့သူတွေကို ရည်ရွယ်ရေးတာမို့၊ ကိုယ့်ဘာသာကိုယ်
တွေးနိုင်ကြစေဖို့ တမင်အကျယ် မချဲ့တော့ပါဘူး။ ကမ္ဘာ့သမိုင်း မြန်မာ့ သမိုင်းမှာ မိလိန္ဒမင်းကြီးတို့လို၊
ခုံတော်မောင်ကျဘန်းတို့လို သူမျိုးတွေ တကယ် ရှိခဲ့ကြဖူးပါတယ်။
အဲဒါကြောင့် တခိျု့ပညာရှင်တွေက ''နှာခေါင်းချွန်းရင် ချွန်း ပလေ့စေ၊
ပါးစပ် မချွန်းစေနဲ့''လို့ သတိပေးတတ်ကြတာဖြစ်မယ် ထင် ပါတယ်။ မှန်ပါတယ်။ နှာခေါင်းချွန်းလို့
အပါယ်မကျနိုင်ဘူး၊ အဲ ... ပါးစပ်ချွန်းရင်တော့ ပစ္စုပ္ပန်မှာလည်း ကိုယ်နဲ့မဆိုင်ဘဲ အမှုအခင်း
အမျိုးမျိုးနဲ့ ရင်ဆိုင်ရတတ်တယ်။ အပါယ်ထိလည်း ကျသွားနိုင်တယ်။ အဲဒါမျိုးကို နတ်ပြည်ခရီး၏အန္တရာယ်(သဂ္ဂန္တရာယ်)လို့
ခေါ်တယ်။ ဒါ အရာရာမှာ ပါးစပ်ပိတ်နေဖို့ဆိုလိုတာ မဟုတ်ဘူး။ ကိုယ်လည်း တိတိ ကျကျမသိဘဲ
သူများယောင်တိုင်း လိုက်ယောင်ရင်း မပြစ်မှားထိုက်တဲ့ သူတွေကို ပြစ်မှားမိမှာစိုးလို့
ပြောတာပါ။
မခင်ပါ
မြင်လေရာ လူတခိျု့ကယ်တို့ သူ့ဘာသာ ထင်ရာပြုပြောစေတော့ ဥပေက္ခာစော။
သို့လည်းလေ
တခိျု့တွေ စိတ်မှာရင်းသူတို့ တစ်ဆိတ်စာ ယွင်းမှာစိုးလို့ရယ် ဆေးတို့မိသော။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၁၁/၀၁/၂၀၁၄
0 comments: